လတ်တလော နာမည်ကြီးအနုပညာရှင် မင်းသွေးရဲ့ ရုတ်တရက်သေဆုံးသွားခြင်းဟာ အားလုံးကို စိုးရိမ်ထိတ်လန့်စေခဲ့ပြီး ကျန်းမာရေးအသိနဲ့ပတ်သတ်လို့လည်း သတိပြုစရာ ဖြစ်စေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အနုပညာငွေကြယ်ပွ္ပင့်တစ်ပွင့် ကြွေလွင့်ခဲ့ရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့အတူ ပရိသတ်တွေကလည်း များစွာစိတ်မကောင်း ဖြစ်နေကြတာ တွေ့ရပါတယ်။ 

မင်းသွေးအတွက် စိတ်မကောင်းဖြစ်နေကြသူတွေထဲမှာ ဘောလုံးကစားဖော်ကစားဖက်ဖြစ်သလို အနုပညာညီအကိုတွေဖြစ်ကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ ဘောလုံးကစားနေရင်း သေဆုံးခဲ့ကြသူတွေထဲမှာ မင်းသွေးအပါအဝင် သုံးဦးရှိတာမို့ မဇင်သဲနိုင်က သူမရဲ့ ဘောလုံးဝါသနာရှင် ခင်ပွန်းသည်ကို စိတ်ပူပြီး "ယူနဲ့ ဘောကွင်းနဲ့ ဘာမှမဆိုင်တော့ဘူးနော် ဒါပဲ" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာထက်မှာ ရေးသားထားပါသေးတယ်။ 

ဒါ့အပြင် မဇင်သဲနိုင်တစ်ယောက် ကွယ်လွန်သွားတဲ့ မင်းသွေးအတွက် ဘဝကူးကောင်းဖို့ ဆုတောင်းစကား ရေးသားထားတာ တွေ့ရပြီး မင်းသွေးရဲ့"သတ်ကွင်း" ဇာတ်ကားကြီး ရုံတင်တဲ့အခါ ပရိသတ်တွေ တိုးဝှေ့အားပေးကြပါဆိုပြီးတော့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ကျန်းမာရေးနဲ့ပတ်သတ်ပြီး အစစအရာရာ ဆင်ခြင်ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်နော်......

Photo Source : Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။