အမေဇုံတောနက်ကြီးထဲမှာ ရှေးယခင်ကတည်းကနေ အခုအချိန်ထိ မူလအစဉ်အလာ ရိုးရာမပျက် နေထိုင်ကြသေးတဲ့ လူရိုင်းမျိုးနွယ်တွေ ဒါဇင်နဲ့ချီပြီး ရှိနေပါသေးတယ်။ တစ်ချို့သောလူရိုင်းတွေဟာ အခုအချိန်ထိ အသားစားနေကြဆဲ ဖြစ်ပြီး၊ တစ်ချို့သော လူရိုင်းတွေကတော့ သူတို့ဘာသာ ပြောင်းလဲကျင့်သုံးလာတဲ့ လူနေမှုဓလေ့တွေနဲ့ နေထိုင်ကြပါတယ်။အခုဖော်ပြမယ့် အမေဇုံလူရိုင်းမျိုးနွယ်စုကတော့ Awá လို့အမည်ရတဲ့ လူရိုင်းမျိုးနွယ်စုဖြစ်ပြီး၊ ဘရားဇီးအမေဇုံတောနက်ကြီးထဲ အဝင်အပါဖြစ်တဲ့ Maranhão တောနက်ကြီးထဲမှာ နေထိုင်ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သတ္တုတူးဖော်ခြင်း၊ ရွှေတူးဖော်လုပ်ငန်းများကြောင့် နေထိုင်ရာ နယ်ပယ်ဒေသ ကျဉ်းမြောင်းလာနေပါပြီ။

Awá လူမျိုးဟာ (၈၀)ဝန်းကျင်သာရှိတော့ပြီး အခြားလူယဉ်ကျေး မျိုးနွယ်စုတွေနဲ့ အဆက်အသွယ်လုံးဝမရှိဘဲ သူတို့ဘာသာ သူတို့ဓလေ့ရိုးရာနဲ့အတူ နေထိုင်ကြပါတယ်။ သူတို့တစ်တွေဟာ စုပေါင်းအမဲလိုက်ကြသူတွေဖြစ်ပြီး သင်းခွေချပ်ဟာ သူတို့အတွက်တော့ အလွန်ထူးမြတ် သင့်တော်တဲ့အစားအစာ ဖြစ်ပါတယ်။ဒါပေမယ့် တစ်ခြားသားကောင်တွေကိုလည်း မြိန်ရေယှက်ရေ စားသောက်ကြပြီး သူတို့တစ်တွေဟာ လိပ်တွေနဲ့ရေကူးခြင်းကိုလည်း အစဉ်အလာမပျက် ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ အပေါ်ပိုင်းဗလာကျင်း ခန္ဓာကိုယ်တွေနဲ့သာ နေထိုင်လေ့ရှိပြီး၊ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့နေထိုင်ကြပါတယ်။

Awá လူရိုင်းမျိုးနွယ်တွေမှာ အမျိုးသမီးတွေက ကောက်ရိုး၊ ကိုင်းပင်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်တွေကို အောက်ပိုင်းအရှက်လုံရုံ ဝတ်ဆင်ကြပြီး၊ အမျိုးသားတွေကတော့ အလွန်သေးငယ်သော အကာအရံဖြင့်သာ အောက်ပိုင်းကို ကာကွယ်ကြပါတယ်။ အလွန်စည်းလုံးညီညွတ်တဲ့ လူမျိုးတွေ ဖြစ်ကြပြီး၊ နယ်မြေကို ကျူးကျော်လာပါက အသက်ပေးကာကွယ်ကြသူတွေပါ။အခုဓာတ်ပုံမှတ်တမ်းတွေကိုတော့ National Geographic Magazine မှ ယခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာပင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ လူရိုင်းမျိုးနွယ်စုတွေဟာ အခုအခါမှာ လူမုဆိုးတွေ၊ သတ္တုရှာဖွေကြတဲ့ ဝိသမလောဘသမားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေတာမို့ ပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Source - thesun.co.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။