အောင်မြင်မှုများစွာနှင့်အတူ မိသားစုပျော်ရွှင်စရာဘဝလေးတစ်ခုပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် ချစ်သုဝေကတော့ ခံစားမှုတွေပေါက်ထွက်ပြောကြားလာတာတွေ့ရပါတယ်။ အနုပညာရှင်တွေထဲမှာလူသိများရေပန်းစားမိသားစုတစ်စုဖြစ်ပြီး Like and Follow အများဆုံးရရှိထားတဲ့ အနုပညာမိသားစုတစ်လည်းဖြစ်တာတွေ့ရပါတယ်။ ချစ်သုဝေကတော့ မိသားစုနာမည်ခံလိမ်စားနေတဲ့ Page အတုတွေကြောင့် စိတ်ညစ်မှုတွေများစွာရရှိနေပြီး ဖြေရှင်းမှုတွေကိုလည်း မကြာခနပြောပြလေ့ရှိသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။



ဒီကနေ့မှာလည်း ချစ်သုဝေကတော့ အမည်ခံလုပ်စားနေတဲ့ Page အချို့ရဲ့ လုပ်ရက်နှင့်ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။ ချစ်သုဝေရဲ့ စာသားလေးကတော့"Treza တကယ်သုံးတာ ဒီaccount နဲ့ pageလေးပါနော်!
https://www.facebook.com/tonetone.tote
https://www.facebook.com/ChitThuWaiOfficial/
ကျန်သော pageမှန်သမျှနှင့် သက်ဆိုင်ခြင်းလုံးဝမရှိပါ...
"ကိုယ့်ကိုချစ်၍လုပ်ပေးထားတာ ဟုရေးနေသော like 1M ကျော်pageကတော့ messageပို့လျှင် ပြန်ခြင်းအလျှင်းမရှိပဲ အခုဆို Newspaperဟုပင်ပြောင်းလဲပြီး သတင်းmediaလုပ်လိုက်ပါပြီ...(likeစု စရာမလိုတော့ဘူးပေါ့လေ).."..လူတွေကလည်း likeလုပ်ထားပြီးတင်သမျှဝင်ဖတ်နေဦးမှာပါပဲ..တကယ်ကိုစိတ်လည်းမကောင်းပါ..စိတ်တွေလည်းရှုပ်ပါတယ်..
ဒီခေတ်အခါဟာ ခေတ်ပျက် လူပျက် အရပ်ပျက် ဇာတ်ပျက် ခေတ်ပါပဲ..
အတုတွေ ဖြတ်လမ်းတွေ အကျိုးဖြစ်ထွန်းတဲ့ခေတ်လိုဖြစ်နေတော့ အတွေးမှား အလွယ်လမ်းလိုက်ပြီး ကြိုးစားချင်စိတ် ရုန်းကန်ချင်စိတ် ပျောက်ဆုံးမှုတွေဟာ generationတစ်ဆက်ပြီးတစ်ဆက်သယ်ဆောင်နေကြမှာ ကို စိတ်နှလုံးလေးလံစွာ တွေးပူရပါတယ်..
အားလုံး ဘဝကို လိပ်ပြာသန့်စွာ ဖြတ်သန်းနိုင်ပါစေနော်.." ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။



နာမည်ခံလိမ်စားနေတဲ့အကောင့်များစွာနှင့်အတူ ဈေးရောင်းအကောင့် ကြော်ငြာအကောင့်များဖြစ်ပြီး လက်ရှိ like 1M ကျော်တဲ့ Page တစ်ခုကတော့ Newspaperဟု ပြောင်းလဲကာ လုပ်ဆောင်နေကြောင်း သိရပါတယ်။ နာမည်ခံ လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး ချစ်ပရိသတ်တွေသိရှိအောင် ပြသထားတဲ့ ချစ်သုဝေရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ပြသလိုက်ပါတယ်။
pHOTOS - cHIT tHU WAI





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။