ပြည်သူချစ် ကြော်ငြာနဲ့ မော်ဒယ်လ် သရုပ်ဆောင် မယ်လိုဒီဟာ အရပ်မြင့်မြင့်၊ မျက်နာကျလေး ကလည်း ဘိုဆန်ဆန်လေးမို့ တက်သစ်စ ၊ နာမည်ကြီး စကတည်း ကပရိသတ်တွေ စိတ်ဝင် စားမှု နဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ ပါတယ်။ အချိန်တန်တော့ ချစ်သောသူနဲ့ အိမ်ထောင် ကျပြီး သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲပါတယ် ။ ဒီနေ့မှာသူတော့ သူမက သူမရဲ့ခင်ပွန်းနဲ့ပတ်သတ်ပြီး စာသားလေးတစ်ခုတင်ခဲ့ပါတယ် ။

" လင်သား မိခင်တစ်ယောက်ရဲ့သားကို ကျွန်မစုံဖက်ခွင့်ရတယ်

ကျွန်မရဲ့လင်သားဖြစ်လာတယ်ပေါ့ရှင့်

တကယ်တော့ လင်ရတယ်ဆိုတာ သားတစ်ယောက်ရသလိုပါဘဲ

ကိုယ့်ဝမ်းနဲ့လွယ်မမွေးရပေမယ့် သားတစ်ယောက်လို အစစအရာရာစိတ်ပူနေရတယ်

ကိုယ်တိုင်မွေးထားတဲ့သားလိုတော့ အစစအရာရာ နားလည်ခွင့်လွှတ်ပြီးတော့ မချစ်နိုင်ဘူးပေါ့လေ ၁၅၀၀ ကိုးးး

ဒါပေမယ့် နေကောင်းကျန်းမာဖို့ ခရီးသွားရင် အန္တရာယ်ကင်းဖို့ လမ်းမှားကိုအသက်ကြီးမှမှားပြီးမလျှောက်မိဖို့

ကိုယ့်လင်သားအပေါ် မယားစိတ်နဲ့ကြည့်ရသလို့ မိခင်စိတ်နဲ့လဲကြည့်ကြပါတယ်

မိန်းမသားဆိုတာ ကလေးမွေးတာမမွေးတာ အပထား မိခင်စိတ် ကြင်နာတတ်တဲ့စိတ်ရှိပြီးသားပါ

ကဲ အမျိုးသမီးအပေါင်း သူတော်ကောင်းတို့ရေ

၁၅၀၀နဲ့၅၂၈ဟန်ချက်ညီညီဆက်ချစ်နိုင်ကြပါစေရှင်

အမျိုးသားများလည်း အိမ်ကမိန်းမ စိတ်ပူရအောင် မလုပ်ကြပါနဲ့

မိသားစုတိုင်း

၇ရက်သားသမီးတိုင်း သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်

အိမ်ထောင်ဦးနှင့်ကျွန်မ

အိမ်ထောင်ဦးစီး ကကျွန်မထက်အသက် ၈လ ပိုကြီးပေမယ့်

ကျွန်မက ၁၅နှစ်လောက် ပိုနုနေတယ်ရှင်

ကျွန်မကိုလမ်းမှာတွေ့ရင် ပိုလှလာတယ် ပြောပေးပါနော် " ဆိုတဲ့စာသားနဲ့အတူ သူမခင်ပွန်းကို သူမ ဘယ်လောက်ထိ ချစ်တယ်ဆိုတဲ့အကြောင်းပရိသတ်တွေ ကိုမျှဝေ ပေးခဲ့တာဖြစ်ပါတယ် ။

အနုပညာရှင် မင်းသမီးတစ်ယောက်ရဲ့ ခင်ပွန်းအနေနဲ့ သူမအပေါ် အရာရာနားလည်ပေးပြီး ချစ်ခင်ပေးခြင်းခံရတာ သူမအတွက်ဘုရားပေးတဲ့ ဆုလာဘ်ပါဘဲနော် ။ မျိုးကို ချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူမခင်ပွန်းနဲ့သူမရဲ့အမှတ်တရ ပုံရိပ်တွေကိုပြန်လည်မျှဝေပေး လိုက် ပါတယ်နော် ။

Source : Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။