ပရိသတ်တွေရဲ့ အားပေးမှုတွေအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ယောင်္ကျားလေးပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသမီချောတစ်ဦးပဲ ဖြစ်ပါတယ်..။

အမိုက်စားဖက်ရှင်အလှပုံရိပ်လေးတွေကို သူမရဲ့ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိတဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ အချိုးအစားကျပြီး မိန်းကလေးတိုင်းအားကျရလောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ အမိုက်စားခန္ဓာကောက်ကြောင်းအလှလေးတွေနဲ့ ပုရိသတွေကိုရင်ခုန်အောင် ပြုစားတတ်သူလေးလည်း ဖြစ်ပါတယ်..။

အနုပညာရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ အတိုင်း ပရိသတ်တွေရဲ့ အာရုံစိုက် စောင့်ကြည့်မှုတွေကို ခံနေရတဲ့ သူမကတော့ သူမရဲ့တစ်နေ့တာ အချစ်ဆုံးခွေးလေးကို ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေလိုက်ပါတယ်..။

သူမရဲ့ကိုယ်ပိုင်ခွေဒလေး မဟုတ်ပေမယ့် ချစ်စရာကောင်းတဲ့ခွေးလေးနဲ့အတူ အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို “ဒီနေ့သူလေးကိုအချစ်ဆုံးပဲ ... ချစ်တယ်ခွေးလေးရယ်..” ဆိုပြီးတော့လည်း ရေးသားထားတာပဲ ဖြစ်ပါတယ်..။

သင်ဇာကတော့ ဓာတ်ပုံ၊ မဂ္ဂဇင်း ကြော်ငြာတွေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို လတ်တလောမှာလည်း ရှမ်းပြည်နယ် နောင်ချိုမြို့ကို “တခါက ဆတ်သေချောင်း” ဇာတ်ကားရိုက်ကူးရေးနဲ့ ရောက်ရှိနေတာ တွေ့ရပါတယ်..။

“တခါက ဆတ်သေချောင်း” ဇာတ်ကားကိုတော့ အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်ဇာမြင့်မိုရ်၊ ဝါဝါအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ရှမ်းပြည်နယ် နောင်ချို နဲ့ ကချင်ပြည်နယ် ပူတာအိုတို့မှာ သွားရောက်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Photo - သင်ဇာဝင့်ကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။