လက်ရှိလူမှုစာမျက်နှာတွေပေါ်မှာတော့ မင်းမဲ့ဆန်တဲ့ ဒုစရိုက်မှုတွေ
နေ့တိုင်းဆိုသလိုကြားနေရပြီ ပြည်သူတွေအတွက် မလုံခြုံသလို ခံစားနေကြတယ်ဆိုတာ ဧကန်မလွဲပါပဲ။ဒီနေ့မှာလည်း အနုပညာလောကရဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလှမယ် ခင်အင်ကြင်းကျော်ဟာလည်း တကယ်ကိုဒေါသဖြစ်စရာခံပြင်းစရာကောင်းတဲ့ အမျိူးသားသုံးယောက်ရဲ့ ကိုယ်ထိလက်ရောက် မင်းမဲ့စရိုက်ဆန်ဆန်စော်ကားမှုကိုခံခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ကြားသိရပါတယ်။သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်တွေအားလုံး ကိုလည်း သူမရဲ့လူမှုကွန်ယက်ကနေ စိတ်မကောင်းစွာနဲ့ မျှဝေထားပါတယ်။ " ဒီနေ့နေလည် နှစ်နာရီလောက်ဆေးခန်းသွားပြဖြစ်တယ် အဝတ်အစားလဲမလှော်လီမိပါဘူးကားသမားကနေမကောင်းသေး အဖေလဲမအားတော့ ကိုယ်တိုင်လဲဘယ်လောက်ကြာမယ်မှန်းမသိတော့ တစ်ယောက်တည်း taxi နဲ့သွားလိုက်တယ် ပြန်ထွက်လာတော့ သုံးနာရီဆယ်ငါးလောက် ကျမ အင်းယားရိပ်သာလမ်းသွယ်ကနေလမ်းလျှောက်ပြီးပြန်ထွက်လာတယ်ကားထွက်ငှားဖို့ အနောက်ကကောင်သုံးကောင်လိုက်လာတော့တာပဲ။


အကျႌချွတ်တွေနဲ့ အစကတော့ မကြောက်မိဘူး သူတို့ခြေလှမ်းကတဖြေးဖြေးပြေးလိုက်လာမှ ဟာဘာလဲဟဆိုပြီး ပြေးမှန်းမသိအောင်သွက်သွက်လျှောက်လာတယ် ရုပ်ကိုတော့အတက်နိုင်ဆုံးမကြောက်အောင် ရုပ်မပျက်အောင်ထိန်းထားတယ် ဘယ်သွားမလို့လဲညီမလေး ဘယ်သွားမလို့လဲ ကျွန်တော်တို့လိုက်ပို့ပေးမယ် ဘယ်သွားမှာလဲဘယ်လဲ မေးနေတယ် ဟေ့ ဘာညာ ဆိုပြေးလိုက်လာတာ ဖြစ်သင့်လား မင်းမဲ့စရိုက်တွေ မထီမဲ့မြင် လုပ်ချင်တာလုပ်မယ် မိန်းကလေးဆိုတော့ ငါတို့ကိုဆိုကြောက်မှာပဲ ပါးစပ်နဲ့အရသာယူရ ယူရ အသားလေးပဲထိရထိရ အိတ်ဆွဲပြေးရင်ရောတစ်မျိုး လူကလဲသုံးယောက်အဲ့ကွေ့နားမှာလဲ တစ်ခြားဘယ်သူ့မှမရှိ အငွေ့ပြန်ပြီးတောင်ပျောက်သွားစေချင်တယ် စကားတွေတအားပြောပြီးအနားကိုအတင်းလိုက်ကပ်နေတာ ကိုယ်ကပြန်လဲမအော်ရဲ ကယ်တင်သူ taxi တစ်စီးမောင်းလာတယ် သူကအားတဲ့ပုံမပေါ်ဘူး လက်ကာပြတယ် ဦးသမီးလိုက်ချင်တယ် ဆိုပြီးမျက်နှာနဲ့အရိပ်အကဲပြလိုက်တယ် မျက်နှာလဲတအားပျက်နေတော့ သူနားလည်သွားတယ်။


သူသဘောပေါက်သွားတယ်ထင်တယ် တက်တက်ဆိုပြီး အတင်းပြေးတက်တော့ ကားတခါးနားကိုအတင်းလာပြီး ပါးကိုအတင်းလိုက်ကိုင်သွားသေးတယ်မြန်မာကားထဲကလူဆိုးအကွက်တွေပါပဲကားပေါ်ရောက်မှမျက်ရည်ပေါက်ပေါက်ကျတယ် ရွံလဲရွံပြန်လဲမအော်ရဲ မရိုင်းရဲ လက်နက်တွေဘာတွေ ခါးကြားထိုးထားမှာလဲ ဆိုးကိုယ့်အသားထိမှာလဲဆိုး ဒေါသတွေထွက် အော်ငိုမိတော့တာပါပဲကားသမားဦးလေးသာမလာခဲ့ရင်မတွေးဝံ့စရာပဲ မိန်းမတစ်ယောက်အနေနဲ့နေရတာ လုံခြုံမှုရှိနေစေချင်တယ် Stop sexual harassment ကာယိနြေ္ဒ နှောင်ယှက်မှုတွေ မင်းမဲ့စရိုက်တွေ လူကြီးလူကောင်မဆန်မှုတွေ လူသားမဆန်မှု တွေကတယ်ရပ်တံ့စေချင်တယ် " ဆိုတဲ့စာလေးနဲ့ သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ဖြစ်ကြောင်းကုန်စင် ရေးသားခဲ့ပြီး မိန်းကလေးတွေအားလုံး သတိဝီရိယနဲ့သွားလာကြဖို့ ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်။ကြားရတာကတော့တကယ့်ကိုဒေါသဖြစ်စရာပါပဲနော်။အမျိုးသမီးတွေအားလုံး လည်း အန္တရယ်ကိုကြိုတင်ရှောင်ရှားနိုင်ပြီး သတိဝီရိယနဲ့ သွားလာကြဖို့ သတိပေးလိုက်ရပါတယ်နော်။

သတင်းအရင်းအမြစ် - ခင်အင်ကြင်းကျော်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။