ပရိသတ်တွေရဲ့ အမြဲချစ်ခင်အားကျမှုတွေကို အများဆုံးရရှိထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူစုံတွဲလေးကတော့ တစ်နေ့တစ်နေ့ ပရိသတ်တွေကို အားကျပြီးရင်း အားကျအောင် ပြုလုပ်နိုင်လွန်းတဲ့ ဆယ်လီစုံတွဲလေးပါပဲ..။

တစ်ယောက်ကိုတစ်ယောက် လိုလေသေးမရှိအောင် ရိုမန်တစ်ဆန်ဆန် ချစ်ပြတတ်တဲ့ သူတို့စုံတွဲလေးဟာ အခုတစ်ခါမှာတော့ ဗီဒီယိုဖိုင်ဘေးတသ်ခုနဲ့ ပရိသတ်တွေ မနာလိုစရာကောင်းလောက်အောင် အချစ်ပိုနေကြပြန်တာ တွေ့ရပါတယ်..။

အဲ့ဒီဗီဒီယိုလေးကတော့ နွဲ့ဆိုး ဆိုးချစ်တတ်တဲ့ ရွှေမှုံလေးက အမြဲအလိုလိုက်ချစ်တတ်လွန်းတဲ့ ချစ်သူ ရွှေထူးကို အာဘွားပေးနည်းတွေ သင်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပြီး ပရိသတ်တွေကို အားကျစေပြန်တာပဲ ဖြစ်ပါတယ်..။

ဗီဒီယိုဖိုင်လေးထဲမှာ ရွှေမှုံလေးက ရွှေထူးကို အာဘွားပေးနည်းတွေသင်ပေးရင်း တစ်ယောက်ကိုတစ်ယောက် အာဘွားလေးတွေပေးနေကြတာလည်း ပရိသတ်ကြီး မြင်တွေရမှာပါ..။

ချစ်သူသက်တမ်း(၁)လကျော်ရှိပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့အချစ်ရေးလေးကတော့ အားပေးဝန်းရံတဲ့ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်မှုတွေနဲ့လည်း ကြုံတွေ့နေရပြီး အားကျစရာကောင်းတာကတော့ ဘယ်လိုပဲဝေဖန်တိုက်ခိုက်မှုတွေရှိရှိ သူတို့စုံတွဲလေးကတော့ လက်တွဲညီညီ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်..။

အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တာမို့ ပြည်သူပရိသတ်တွေရဲ့ စောင့်ကြည်မှုတွေကိုလည်း အများဆုံးရရှိထားကြတဲ့ နာမည်ကျော်စုံတွဲလေးဆိုလည်း မမှားပါဘူး..။

Source- We Love Shwe Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။