အမြဲကျနေတဲ့ အောင်မြင်သူ ဆယ်လီမမတွေ ထဲကမှ အရမ်းကို ကောက်ကြောင်းလှပြီး ပုရိသတွေပါ မက မိန်းကလေးချင်းတောင် ကြွေရတဲ့ သင်ဇာဝင့်ကျော် ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေမှာ လည်း သရုပ်ဆောင်ပိုင်နိုင်လွန်းလို့ အမြဲတမ်း ကျရာဇာတ်ရုပ်တိုင်းကိုလည်း သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။



မာန မကြိးသလို အရှိကို အရှိတိုင်းနဲ့ ဖော်ရွေလွန်းတဲ့ သူမကတော့ မင်းသမီးတစ်ယောက် အနေနဲ့ အမြဲလှနေအောင် ကျန်းမာရေးလိုက်စားပြီး အပင်ပန်းခံ Gym ဆော့ ဟာ ကိုယ်ခန္ဓာကောက်ကြောင်း အလှကို ထိန်းသိမ်းနိုင်သူဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ မကြာခဏ ဆိုသလို အဝေဖန်ခံရပေမဲ့လည်း သူမအနေနဲ့ လက်ရှိမှာ မြန်မာဆန်ဆန်လေးတွေ ဝတ်ဖြစ်နေပါတယ်။


မြန်မာကိုယ်လုံးကိုယ်ပေါက် ပြည့်ပြည့်တင်းတင်း နဲ့မို့ မြန်မာဆန်ဆန် အဝတ်အစားတွေနဲ့ အပြင်အဆင်တွေ နဲ့ သင်ဇာဟာ အရမ်းကို လိုက်ဖက်သူဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ facebook စာမျက်နာထက်ကနေ ပိုက်ဆံ မရှိဘူးလို့ ညည်းနေတဲ့ သူငယ်ချင်းတွေကို ပညာသားပါပါ နဲ့ သင်ဇာက ပညာပေးနေတဲ့ video လေးတင်လိုက်ပြီး video ထဲမှာ" ပိုက်ဆံမရှိလည်းး ဆိုရင် စိတ်မပူပါနဲ့။ငါ နင့်တို့ကို ကျွေးထားမှာပေါ့ လို့ မပြောဘူး၊ တောင်းစားကြလို့ " ခပ်ရွတ်ရွတ်နောက်နောက်လေးနဲ့ ဆိုလိုက်ပါတယ်။ BFFတွေကို နှိပ်ကွပ်ချင်တဲ့ သူတွေ အနေနဲ့ ဒီvideo လေးကို share ပြီး mention ခေါ်လိုက်ပါဦးနော်..။
source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။