Aung Pyi Entertainment ၏ စတုတ္ထမြောက် မြန်မာဇာတ်လမ်းတွဲဖြစ်သည့် "Hospital Diary (ဆေးရုံမှတ်တမ်း)" ဆိုသည့် ဆရာဝန်ဇာတ်လမ်းတွဲကို MRTV ရုပ်သံလိုင်းကနေ မကြာမီ ထုတ်လွှင့်ပြသပေးတော့မှာလည်းဖြစ်ပါတယ် ။ ယခုဇာတ်လမ်းတွဲကို ဒါရိုက်တာမင်းခိုက်စိုးစန်က ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်နှင့် အဓိကဇာတ်ဆောင်တွေအဖြစ် အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ သူရထူး၊ နွယ်ဒါလီထွန်း၊ ခင်သဇင်၊ ဂုဏ်ရည်အေးကျော် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကို ထုတ်လွှင့်မပြသသေးခင်မှာပဲ ပြကွက်တစ်ခုကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ဆေးပညာအယူအဆ နဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းတွေကို တလွဲသုံးပြထားတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ခဲ့တာကြောင့် အခုလို ဝေဖန်ခံနေရတာပါ ။ရောဂါရှာဖွေရေးအဖွဲ့မှ ဆရာဝန်လူငယ်များ၏ ကြိုးစားအားထုတ်မှုများကို ပုံဖော်ရိုက်ကူးထားသော လူငယ်ဆရာဝန်ဇာတ်လမ်းတွဲဖြစ်သည့် အတွက် ဆေးပညာနှင့်ပတ်သက်သော ဗဟုသုတများကိုသိရှိရမှာဖြစ်တယ် လို့ ကြော်ငြာခဲ့ပေမယ့် အခုလိုအလွဲ ကို ပရိသတ်တွေ အထုူးသဖြင့် ဆရာဝန်အသိုင်းအဝိုင်းမှာတော့ ဝေဖန်မှုတွေရှိနေပါတယ် ။အဓိကပြောဆိုနေကြတာက တော့ အင်္ဂလန်ပြန် ဒေါက်တာမကြီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ ဂုဏ်ရည်အေးကျော်ရဲ့ နားကြပ်ကိုပြောင်းပြန်ထောက်ထားတဲ့ သရုပ်ဆောင်ကွက်ကြောင့်ဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်ကတော့ Stetho မှားတပ်တာ ထားလိုက်ဦးDiarrhea လည်းရနေတယ် Abdominal swelling လည်း ရနေတဲ့ ဆိုတော့ Liver failure တဲ့လားသေပြစေ လို့ မှတ်ချက်ပေးထားတာကို လည်းတွေ့မြင်ရပါတယ် ။အဆိုပါ စက်တင်ဘာလ(၂၇) ရက်နေ့မှ စတင်ပြီး အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) နေ့များတွင် ည(ရး၀၀) သတင်းအပြီးမှာ MRTV ပြသပေးနေတယ်လို့သိရပါတယ်။ပရိသတ်ကြီးရေ .. အခုလိုဝေဖန်မှုတွေ ထောက်ပြမှုတွေရှိနေတဲ့အပေါ်အမြင်တွေသဘောထားတွေကို ပြောပြခဲ့ကြပါနော်။

Source - MRTV  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။