နဂါးအကဟာ တရုတ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အက ဖြစ်ပြီး တော်တော်လေးကို နာမည်ကြီး ထင်ရှားပါတယ်။ နှစ်တိုင်း နှစ်ကူးပွဲတွေမှာ ဂုဏ်ယူစွာနဲ့ ကကြပြီး ခြင်္သေ့ အကကလည်း တကယ့်ကို ကျော်ကြားတဲ့ ကကွက်ဆန်းတွေပါ။ထူးခြားတဲ့ကိုယ်ဟန် အနေအထားကြောင့် လည်း ပရိသတ်တွေအကြားမှာ အင်မတန် မျက်နှာပွင့်တဲ့အကတစ်ခုလည်းဖြစ်ပါတယ် ။

ဒီလို နာမည်ကြီးနေတဲ့ နဂါးအကကို နောက်ထပ်ပုံရိပ်တစ်ခု ထပ်မြင့်ပေးလိုက်ပြန်ပါပြီ။ ဟုတ်ပါတယ်။ ရေအောက်မှာ ကပြတဲ့အကွက်ဆန်းတွေကို တီထွင်လိုက်ပြီး စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ တကယ့်ကို လှပလွန်းပါတယ်။ နဂါးအကကို ကမယ့် လူတွေဟာ ရေအောက်မှာ ရေကူဝတ်စုံနဲ့ အောက်ဆီဂျင်ဘူးကို ဝတ်ဆင်ထားရပြီး နဂါးကို ဟန်ချက်ညီစွာ ကပြရပါတယ်။

နောက်ပြီးတော့ လူနှစ်ယာက်အနေနဲ့ ကုန်းပေါ်မှတောင် မနည်းဟန်ချက်ညီအောင် လုပ်ရတဲ့ နဂါးအကဟာ ရေအောက်မှာ ကိုယ်တိုင်တောင်မဟုတ်ဘဲ အကူကိရိယာနဲ့ ထိန်းကရတာဆိုတော့ ပိုလို့တောင်မလွယ်ပါဘူး။ အခုအချိန်မှာတော့ ဒီကကွက်ဆန်းဟာ နာမည်ကျော်ကြားခဲ့ြ့ပီး ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာကို ဆွဲဆောင်ထားနိုင်တဲ့ အကဖြစ်လာပါပြီ။

Source - People's Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။