အချစ်ရေးနဲ့ပတ်သတ်ပြီး ကံကောင်းမယ့်သူလား ကံဆိုးမယ့် သူလားဆိုတာ ကိုယ့်ကိုယ်ကို လေ့လာနိုင်ဖို့လက္ခဏာ ကံကြမ္မာတွေကို မျှဝေပေလိုက်ပါတယ် ။

(၁) နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေရင် ချစ်သူနဲ့ကွဲတတ်ပါတယ် ။ တစ်ခုပါရင် တစ်ခါကွဲတယ် ၊ နှစ်ခုပါရင်နှစ်ခါ ကွဲတတ်ပါတယ် ။

(၂) နှလုံးလမ်းကြောင်းမှာ အခုလို အတက်လေးတွေပါရင် အရာရာကို သံယောဇဉ်တွယ် တတ်တယ် ။ လူကိုတင်မကဘူး တိရစ္ဆာန်လေးတွေကို ပါသံယောဇဉ်တွယ် တတ်တဲ့သူတွေ ပါ ။ အသေးအဖွဲ့ကိစ္စလေးတွေက အစ သံယောဇဉ်တွယ်တတ်တဲ့သူတွေပါ ။

(၃) နှလုံးလမ်းကြောင်းဟာ အခုလို အပြိုင်အဆိုင်ဖြစ်နေတဲ့ လက္ခဏာပိုင်ရှင်မျိုးဟာ မေတ္တာ ဂရုဏာလွန်စွာကြီးမားသူဖြစ်ပါတယ် ။

(၄) နှလုံးလမ်းကြောင်းရဲ့ အဖျားမှာ သစ်ပင်က သစ်ကိုင်းတွေလိုဖျာထွက်နေတဲ့ လက္ခဏာပိုင်ရှင်မျိုးဟာ တစ်သက်လုံးရည်းစားထားလို့မပြီးတော့မယ့် လူစားမျိုးတွေ ဖြစ်ပါတယ် ။

(၅) နှလုံးလမ်းကြောင်းရဲ့ လက္ခဏာ အလယ်တည့်တည့် စနေဂြိုလ်ခုံမှာ ပြတ်နေတယ် ၊ သို့မဟုတ် ကျွန်းခံနေတယ်ဆိုရင် အချစ်ရေးမှာ သေကွဲကွဲရတတ်ပါတယ် ။

(၆) နှလုံးလမ်းကြောင်းဟာ လက်သန်းရဲ့အောက်တည့်တည့် ဗုဒ္ဓဟူး ဂြိုလ်ခုံမှာ ပြတ်နေ တယ် ( သို့မဟုတ် ) ကျွန်းခံနေတယ်ဆို အချစ်ရေး အိမ်ထောင်ရေးမှာ ဖောက်ပြန်လို့ကွဲရ တတ်တယ် ။

(၇) နှလုံးလမ်းကြောင်းမှာ အဖျားသုံးခွ ဖြစ်နေရင် အချစ်ရေးမှာ အလွန့်အလွန်ကံကောင်းမယ့်သူဖြစ်ပါတယ် ။ မိမိစိတ်တိုင်းကျ ဖြစ်ရလိမ့်မယ် ။ ( သုံးခွထက်ပိုသွားရင် တစ်သက်လုံးရည်းစားထားလို့ပြီးမှာ မဟုတ်တော့ပါဘူး )

Source : ဆရာမင်းသိမ်းခိုင် ( မရမ်းထူးလင်း )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။