ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိနေတဲ့ နေမျိုးအောင်ကတော့ ပရိသတ်တွေအအခိုင်အမာရှိထားပြီး အောင်မြင်မှုတွေကိုဆွတ်ခူးထားနိုင်တဲ့ စွယ်စုံရ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ နေမျိုးအောင်ကတော့ နယ်ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိနေသူပဲဖြစ်ပါတယ်။

ယနေ့မှာတော့ နေမျိုးအောင်တစ်ယောက် ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလှယ် ကျေးရွာမှာ ၃ရက်တိုင်တိုင် အကျွေးအမွေးများနဲ့ မီးခိုးတိတ် အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ နေမျိုးအောင်ကတော့ " စတုဒီသာအလှူထမင်း သီးစုံပဲဟင်း ပုဇွန်ခြောက်ကြော်အလှူပါဝင်ကုသိုလ်ပြုကြသည့်အလှှုရှင်များပါဝင်ကူညီချက်ပြုတ်ပေးကြသောမိသားစုဝင်များအားလုံးကိုကျေးဇူးတင်ပါတယ် ၃ ရက်တိတိကျွေးပါမည် လာရောက်စားသုံးကြပါဖိတ်ပါတယ် "ဆိုပြီးပြောထားပါတယ်။

နေမျိုးအောင်ကတော့ " ဒုတိယနေ့ အလှူပါ မနက်ဖြန်ဝက်သား အာလူး ပုဇွန်ခြောက်ကြော်နဲ့ကျွေးပါမယ် ပုပ္ပါးအဘထွက်ပွဲစတုဒီသာ နောက်ဆုံးနေ့အလှူ ဝက်သားအာလူးနဲ့ကျွေးပါတယ် အလှူပါဝင်သူအားလုံးသာဓုခေါ်နိုင်ပါပြီ "ဆိုပြီးပြောထားပါတယ်။ ချစ်ပရိသတ်တွေအတွက် ၃ရက်တိုင်တိုင် ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးမွေးနေတဲ့ နေမျိုးအောင်ရဲ့ အလှူအတန်းပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source :naymyoaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။