90 kids တွေရဲ့အသည်းစွဲဖြစ်တဲ့ လူငယ် အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Example အဖွဲ့ကို ပရိသတ်ကြီးမှတ်မိဦးမယ်ထင်ပါတယ် ။
သူ့ခေတ်သူ့အခါက မိန်းကလေး ပရိသတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ example အဖွဲ့ရဲ့ မမစိမ်း ဆိုတဲ့သီချင်းကလည်း အရမ်းကို ရေပန်းစားလူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ် ။
လက်ရှိမှာ အဖွဲ့ကွဲပြီး ထွန်းထွန်းက အနုပညာအလုပ်တွေ ဆက်လုပ်နေဆဲဖြစ်ပေမယ့် တခြားအဖွဲ့ဝင်တွေကတော့ စီးပွားရေးတွေနဲ့ ဇောက်ချနေပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ Example အဖွဲ့ရဲ့ နာမည်ကြီးပြီး လူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ မမစိမ်းသီချင်းကို လူငယ်တွေက ပြန်လည်ပြီး cover သီဆိုခဲ့ပါတယ် ။
Example အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ထွန်းထွန်းကတော့ သူတို့ရဲ့ Cover song လေးကို ပြန် ရှဲပြီးချီးကျူးစကားပြောထားတာ တွေ့ရပါတယ် ။
တစ်ချို့Example Fan တွေကတော့ ကောင်းပေမယ့် Example ကို မမီဘူးလို့လည်း မှတ်ချက် ပေးထားကြတာတွေ့ရပါတယ် ။


အနုပညာရှင်တွေ အနေနဲ့ အခုလို ဝါသနာပါတဲ့လူငယ်လေးတွေကို ချီးကျူးစကားပြောတာ တကယ်ကို လေးစားစရာပါဘဲ နော် ။
သီချင်းတွေနဲ့အလှမ်းဝေးပြီး သရုပ်ဆောင်ဘက်ကိုရောက်သွားပေမယ့် သူ့ရဲ့သီချင်းတွေက တော့ ပရိသတ်ရင်ထဲမှာ ရှင်သန်နေဆဲဖြစ်လို့ ပရိသတ်ကြိုက်နှစ်သက်ခဲ့ရတဲ့ မမ စိမ်း Cover song လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Htin Aung Htun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။