ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသဗီဒီယိုအပိုင်းစလေးတွေကို လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် အပျော်တင်ရင်းနဲ့ လူသိများလာပြီး ဆယ်လီဖြစ်လာခဲ့တဲ့ အောင် သူလွင် ခေါ် Kelvin Kate ကို ပရိသတ်တွေသိပြီးဖြစ်မှာပါနော် ။
နောက်ပိုင်း သူ့ရဲ့ဟာသ ဗီဒီယိုတွေက အရမ်းကိုလူသိများကြော်ကြာလာပြီး အနုပညာကမ်း လှမ်း မှုတွေကြောင့် အနုပညာလမ်းကြောင်းပေါ်ရောက်ရှိ လာခဲ့တာဘဲ ဖြစ်ပါတယ် ။



မကြာသေးမီကမှ အနုပညာရှင် မင်းသမီးတစ်ယောက်နဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ငြိမ်သွားခဲ့ပြီး အခု နောက်ထပ် သတင်းတစ်ပုဒ်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် ။
လက်ရှိသူ့ဇနီးဖြစ်သူကတော့ အပြစ်မရှိ အပြစ်ရှာတတ်တဲ့ ယောက္ခမနဲ့ယော်ကျားက တော့ ဝတ်လည်ဦးမှာပါလို့ဆိုလာပါတယ် ။
ကလေးကိုတော့ ဇူလိုင်လ 28 ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ကလေးစရိတ် တစ်လ တစ်သိန်း ထောက်ပံ့မယ် လို့ပြောလာတဲ့အတွက် တစ်သိန်းလောက်နဲ့တော့ သတောင်းစား ကိုဘဲ ပေးလိုက် ပါလို့ သူမပြောခဲ့တယ်လို့ သိရပါတယ် ။
အောင်သူလွင်ရဲ့မိဘတွေကလည်း တရားဝင်ယူထားတဲ့မိန်းမဖြစ်ပေမယ့် အပြင်အတူတူ မသွားရ ကားအတူတူမစီးရ စသဖြင့်လူတောမတိုးအောင် လုပ်ခဲ့တယ်လို့သူမကရင်ဖွင့် ပြောကြား ခဲ့တာဖြစ်ပါတယ် ။



သူမက ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး တရားရုံးကနေ စကားပြောသွားမယ်လို့လည်း သိရပါတယ် ။
အောင်မြင်ပြီး အနုပညာအလုပ်တွေ လုပ်ဆောင်နေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာ ဟာ တကယ်ကိုအရှက်ရစရာကောင်းတဲ့ ကိစ္စပါ ။
နောက်ပိုင်း သူ့ဇနီးဖြစ်သူ မပိုးအိလွင်ဘက်က ဘယ်လိုတွေဆောင်ရွက်သွားဦး မလဲဆိုတာကို တော့ ဆက်လက်ဖော်ပြပေးသွားပါမယ် ။
Source : Poe Ei Lwin



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။