ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်တို့ အနုပညာရှင်တစ်စုကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ သင်ဇာက ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ "တစ်ခါကဆတ်သေချောင်း"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အောင်ရဲလင်း၊ရဲလေး၊မိုးယံဇွန်၊စိုးမြတ်သူဇာတို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေဆီ အမြဲချပြလေ့ရှိတဲ့ သင်ဇာက အခုလည်း လူစုံတက်စုံနဲ့ ရိုက်ကွင်းကပုံလေးတွေကို အသစ်တင်ထားပါတယ်။



လက်ရှိမှာတော့ သင်ဇာတို့အနုပညာမောင်နှမတစ်စုက နောင်ချိုမြို့လေးမှာ ဒီဇာတ်ကားကြီးကို သွားရောက်ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ သင်ဇာတို့က ဂျပန်ခေတ်တုန်းကလို ဝတ်စားဆင်ယင်နေထိုင်ပုံတွေနဲ့ အခက်အခဲတွေကြားကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးနေကြတာလည်း တွေ့ရပါတယ်။ စက်တင်ဘာ ၂၀ရက်နေ့ကနေ နယ်ကိုခရီးထွက်လာတဲ့ သူမတို့ရုပ်ရှင်အဖွဲ့သားများက ရက်အတော်ကြာအောင် ဒီမြို့လေးမှာပဲ ဆက်လက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။



အခုလည်း သင်ဇာက ရှုတင်လေးနားခိုက်မှာ ချစ်ရတဲ့အနုပညာရှင်တွေနဲ့အတူ အမှတ်တရပုံလေးတွေကို ဂိုက်ပေးကြမ်းတဲ့ပို့စ်တွေနဲ့ ဓာတ်ဖမ်းခဲ့ကြပါတယ်။ စတိုင်တစ်မျိုးစီနဲ့ အထာကျနေတဲ့ သူမတို့က ချစ်စရာကောင်းနေသလို သင်ဇာကလည်း ရင်ခုန်ချင်စရာ ကောက်ကြောင်းအလှတွေနဲ့ ပြည့်ဝနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး သင်ဇာဝင့်ကျော်ရဲ့ ရိုက်ကွင်းအလှပုံရိပ်တွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Thin Zar Wint Kyaw & Win Tun Tun;




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။