မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ အောင်မြင်တဲ့ ထိပ်တန်းမော်ဒယ်တွေ ဖြစ်ကြတဲ့ အောန်ဆိုင်း နဲ့ M ဆိုင်းလု ဆိုရင် မသိသူမရှိလောက်အောင် နာမည်ကြီး သတင်းမွှေးလှတဲ့ အဟော့ဆုံး မော်ဒယ်လ်တွေထဲက အပါအဝင်တွေ ဖြစ်ပါတယ်။ ဖက်ရှင်လ်ရှိုးရဲ့ လျှောက်လှမ်းထိပ်ဆုံးမှာ အမြဲတမ်း ပါဝင်လေ့ ရှိတဲ့ သူတို့ နှစ်ယောက်ကတော့ ဝါသနာတူ ၊ အလုပ်အကိုင်တူ လို့ ဆိုရမှာပါ။

အနုပညာလောကမှာ အသက်မွေးတဲ့ Professional Model အလုပ်ချင်းတူညီသလို သူမတို့ နှစ်ယောက်လုံးဟာ ကချင်တိုင်းရင်းသူလေးတွေ ဖြစ်ပြီး အောန်ဆိုင်းကတော့ ကချင်ပြည်နယ်၊ တနိုင်းမြို့သူလေးဖြစ်ပါတယ်။ နှစ်ယောက်လုံး Gym ဆော့ပြီး ကျန်းမာရေးလိုက်စားကြသူလေးဖြစ်သလို အောန်ဆိုင်းကတော့ ၊ မြင်းစီးခြင်း၊ Sky divingပြုလုပ်ခြင်း နဲ့ Boxing လေ့ကျင့်ခြင်း စသဖြင့် အပင်ပန်းခံရတဲ့ အလုပ်တွေ ၊ စွန့်စားရတာတွေ အထူးနှစ်သက်ပြီး လုလု နဲ့ ပြည်ပ ခရီးတွေ ကတော့ ခွဲထားလို့ မရနိုင်အောင် ခရီးသွားနိုင်သူလေး ဖြစ်ပါတယ်။

ဒီစက်တင်ဘာလရဲ့ ရက်လေးတွေ တော်တော်များများမှာ အနုပညာရှင်တွေရဲ့ မွေးနေ့အတော်များသလို စက်တင်ဘာလ(၂၄) ရက်နေ့ကတော့ မော်ဒယ်လ် M ဆိုင်းလု ခေါ် လုလုရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ သူမရဲ့ ချစ်သူခင်သူ သူငယ်ချင်းတွေနဲ့ အကျဉ်းချုပ်လေးသာ ဖြတ်သန်းခဲ့ပြီး ညီအမတစ်ယောက်လို ချစ်ခင်ရတဲ့ အောန်ဆိုင်းကတော့ လုလုရဲ့ အသက်(၂၅) နှစ်မွေးနေ့လေးမှာ ဆေးထိုးရင်း အမှတ်တရ ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူတို့ နှစ်ယောက်ရဲ့ အမျတ်တရ ပုံလေးတွေနဲ့ အတူ ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်..။

source : M Seng Lu & Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။