"မင်းကို ငါချစ်တာ အကန့်အသတ်တို့ မရှိဘူးကွာ...ဒါကိုမင်းလေး ယုံကြည်ပေးစမ်းပါ..ငါ့ရဲ့ သစ္စာတရား.."ဆိုတဲ့ " ထာဝရ ချစ်သူ " သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ငဲငယ်လေးဟာ ကိုယ်ပိုင်သီချင်းများ ရေးစပ်ကာ သီဆိုတတ်သလို ထူးထူးခြားခြား ရှားရှားပါးပါး မိန်းကလေးတွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။
Iron Cross ထဲက နာမည်ကြီး ဝါရင့် အဆိုတော်ဖြစ်တဲ့ ရော်ကာ အဆိုတော် အငဲ ရဲ့ သမီးလေးဖြစ်ပြီး အဖေဖြစ်သူရဲ့ ဂီတာ တီးခတ်မှု ပါရမီနဲ့ အမွေအနှစ်တွေကို လက်ခံနိုင်ထားနိုင်သူ ဖြစ်ပါတယ်။ရှားပါးတဲ့ Guitarist အဆိုတော် မိန်းကလေးတွေထဲက မှ မြန်မာနိုင်ငံရဲ့ ဂီတာပညာရှင်တစ်ယောက် ဖြစ်သလို " အိမ်မက် နဲ့ စိတ်ဓာတ်" ဆိုတဲ့ သီချင်းခွေလေး ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
အရမ်းကို အဆိုဘက်မှာကော အတီးဘက်မှာပါ အရည်အချင်းရှိလှတဲ့ ငဲငယ်လေးရဲ့ သီချင်းသစ်လေးတစ်ပုဒ်ဖြစ်တဲ့ "ကျေနပ်ပါတယ်" ဆိုတဲ့ သီချင်းMTV လေးထွက်ရှိလာခဲ့ပြီး ဒီသီချင်းမှာ ဆိုင်သူရှိတဲ့ သူကိုမှ အရူးအမူးချစ်မိတဲ့ ဒုတိယလူတွေရဲ့ ခံစားချက်ကို ပိုလို့ ရင်ကွဲနာကျစေမဲ့ သီချင်းကောင်းလေးဖြစ်ပါတယ်။ "ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ သာ ပြောလိုက်ပါ။ ဒီလိုဆို ငါခံစားရတာပိုသက်သာမှာ။ မငြိုငြင်ပါဘူး၊ အပြစ်မတင်ပါဘူး၊ မမုန်းရက်ပါဘူး... ဒီကမ္ဘာမှာ မင်းတစ်ယောက်သာ ငါအချစ်ဆုံးပဲ ယုံကြည်နိုင်ဖို့ ခက်ခဲတာ ငါသိပါတယ်။ ရှူပ်ထွေးလွန်းနေတဲ့ ငါ့ရဲ့ ဘဝထဲ ဘယ်သူခိုနားကာ အနားနား မှေးစက်ချင်မလဲ။... " ဆိုတဲ့ စာသားလေးတွေနဲ့ ရင်နဲ့ အပြည့်ခံစားရမဲ့ ရသတွေကို ပြည်နှက်နေတဲ့ ဒီသီချင်းလေးကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်ရပါတယ်နော်..။
source:Nge Ngal Lay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။