ပရိသတ်တွေ ရယ်မောစေတဲ့ ဟာသ ဗီဒီယိုလေးတွေ တင်ရင်း လူသိများလာခဲ့ရာကနေ ပရိသတ် လက်ခံအားပေးတဲ့ အဆိုတော် Double J အဖြစ်လူသိများလာတဲ့ တက်သစ်စ တေးသံရှင်တစ်ဦးကို ပရိသတ်တွေ ကို မိတ်ဆက်ပေးချင်ပါတယ် ။

လူငယ်ဆယ်ကျော်သက် ပရိသတ်တွေ အများဆုံးအားပေးမှုရရှိထားတဲ့ Double J ကတော့ တခြားလူငယ် ၄ယောက်နဲ့အတူ Team 143 ဆိုတဲ့ နာမည်နဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး သီချင်းတွေ လုပ်ရင်း ပရိသတ်အားပေးမှု ရရှိနေတဲ့ လူငယ် အဖွဲ့ဆိုလည်းမမှားပါဘူး ။

အဆိုတော်ရဲလေးနဲ့အတူ Don't worry ဆိုတဲ့သီချင်းကို သီဆိုခဲ့ရာမှာလည်း လူကြိုက်များအားပေးမှုရရှိခဲ့ပါတယ် ။

Sugar Daddy ဆိုတဲ့ ခေတ်ကာလ အနေထားအခြေနေတွေကို စပ်ဆိုထားတဲ့ သီချင်းလေးကလည်း လူငယ်ပရိသတ်တွေအကြိုက်တွေ့ခဲ့ပါတယ် ။

ခုလတ်တလောမှာတော့ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ မမနဲ့မောင်လေး ဇာတ်လမ်း ကို အခြေခံပြီး မမ သီချင်းလေးတစ်ပုဒ်ကို အဖွဲ့ဝင်တွေနဲ့အတူတူ ဖန်တီးသီဆိုထားတာကို ပရိသတ်တွေကို Live လွှင့်ပြီးချပြခဲ့ပါသေးတယ် ။

အဲဒီသီချင်းလေးကို လူငယ်အများပြားက သဘောကျနှစ်ခြိုက်ကြတဲ့အပြင် မမတွေခေတ်စား နေတဲ့အချိန်မို့ အရမ်းကို လူကြိုက်များတဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ် ။

မျိုးဆက်သစ် တေးသံရှင်တွေအနေနဲ့ အချိန်တိုလေးအတွင်းမှာ ပရိသတ်လက်ခံအား ပေး ပြီး နေရာတနေရာ ရလာခဲ့တာ ဘဲဖြစ်ပါတယ် ။

လူသိများလာပေမယ့် မသိသေးတဲ့ ပရိသတ်တွေလည်း ရှိသေးတာမို့ သူတို့အဖွဲ့သီဆိုထား တဲ့ မတ်မတ် ဆိုတဲ့ သီချင်းကို ပရိသတ်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Team 143

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။