Myanmar Idol Season 3 မှာ ပြိုင်ပွဲဝင်ရင်းနဲ့ top 10 ကနေ Winner ရတဲ့အထိ တကယ့်ကို မောင်နှမ ရင်းတွေလို သူငယ်ချင်းအရင်းတွေလိုချစ်ခင်သွားကြတဲ့ Myanmar idol အဖွဲ့သားတွေကတော့ တကယ်ကို သွေးရင်းသားရင်းတွေလို တစ်ယောက်ကို တစ်ယောက်ချစ်ခင်ကြတာ ပရိသတ်ကြီးအမြင်ပါဘဲနော် ။
ပြိုင်ပွဲပြီးသွားလို့ သီချင်းတွေ ကိုယ်စီ ဆိုရင်း အနုပညာလမ်းကြောင်းပေါ် ကိုယ်စီရောက်သွား ပေမယ့် တစ်ယောက်ကို တစ်ယောက် ခုချိန်ထိ မောင်နှမရင်းချာတွေလိုချစ်ခင် နွေးထွေး နေကြတုန်းပါဘဲနော် ။


ဒီနေ့မှာတော့ ပြိုင်ပွဲဝင်မောင်နှမတွေ စုစည်းပြီး အခုခေတ်စားနေတဲ့ Tik tok video လေးကို ချစ်စဖွယ်ရိုက်ကူးခဲ့ပါတယ် ။
ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် ကတော့ ခရီးလွန်နေလို့ မပါပေမယ့် ကျန်တဲ့ ပြိုင်ပွဲဝင်မောင်နှမတွေ အားလုံး လူစုံတက်စုံနဲ့ပျော်ပျော်ပါးပါး ပါဝင် ခဲ့ကြတဲ့ ဗီဒီယိုလေး ဖြစ်ပြီး အရမ်းကို ပျော်စရာ ကောင်းလို့ပရိသတ်တွေပါ အပျော်တွေကူးစက်စေမှာအသေချာပါဘဲ ။
ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ ခုလို လူစုံရင် အရင်ပြိုင်ပွဲစဝင်ကာစက အချိန်တွေကို ပြန်သတိရတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့် မျှဝေပေးခဲ့ပါတယ် ။


မြန်မာအိုင်ဒေါလ် ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ရော ပြိုင်ပွဲဝင်တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖန်တွေ အတွက်ပါ ခုလို နွေးထွေးချစ်ခင်ပြီး မောင်နှမရင်းတွေလို ရင်းနှီးနေကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ချစ်စဖွယ် ဗီဒီယို လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Ngwe Sin Hlaing
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။