ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားကြီး အကယ်ဒမီလူမင်းကတော့ အနုပညာနယ်ပယ်မှာတင် စံပြဖြစ်ရုံသာမက အိမ်ထောင်ဦးစီးကောင်း ပီသစွာ တာဝန်ကျေပွန်တတ်သူလည်း ဖြစ်ပါတယ်။ လူမင်းက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်သရုပ်ဆောင်ရိုက်ကူးတဲ့အပြင် ကိုယ်တိုင်ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားကောင်းတွေ ဖန်တီးတတ်ပါတယ်။ ဒါ့အပြင် လူမင်းက သား၊သမီးလေးတွေနဲ့အတူ ချောမောလှပတဲ့ ဇနီးချောလေးကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ရက်နေ့လေးကတော့ လူမင်းရဲ့ အကြီးဆုံးသမီးလေးဖြစ်တဲ့ ဧရာဝတီလူမင်းရဲ့ ၁၀နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ လူမင်းက သူရဲ့သမီးလေးအတွက် လှပတဲ့မွေးနေ့ကိတ်လေးတစ်လုံးအပြင် သမီးလေးနာမည်ရေးထိုးထားတဲ့ ကိတ်အသေးလေးတွေကိုပါ ပြင်ဆင်ပေးခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေးကို သမီးလေးအတွက် ဖန်တီးပေးခဲ့ပါတယ်။



ဧရာဝတီလူမင်းလေးက ပညာရေးမှာ ထူးချွန်တဲ့အပြင် လိမ္မာရေးခြားရှိတဲ့ ကလေးငယ်လေးဖြစ်ပြီး International School Yangon (ISY) မှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲဆင်နွှဲခဲ့တဲ့ သမီးလေးက ဖေဖေ၊မေမေတို့နဲ့လည်း ရေကူးကစားရင်း ပျော်ရွှင်စရာနေ့လေးကို ဖြတ်သန်းခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဧရာဝတီလူမင်းရဲ့ မွေးနေ့ပွဲလေးမှာ သာယာပျော်ရွှင်ခဲ့ကြတဲ့ လူမင်းတို့မိသားစုလေးရဲ့ အမှတ်တရပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Ayarwady Lu Min;




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။