သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဟက်ကက်ဟာဆိုရင် အနုပညာလောက ကနေ နှုတ်ဆက် ထွက်ခွာခဲ့တဲ့ အကြောင်းအရင်းကို Interview တစ်ခုမှာဖြေကြားထားပါတယ်။ သူဟာ 90 Born မိန်းကလေးတွေရဲ့ အသည်းစွဲတစ်ဦးဖြစ်ခဲ့တဲ့ ဆံပင်အလည်ခွဲကေလေးနဲ့ အမိုက်စား သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သူပါ။ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်း MTV တွေမှာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းကို မလုပ်ဖြစ်တော့ပဲ နားခဲ့ပေမယ့် အခုသီချင်းအခွေသစ် ထွက်ဖို့ရှိ တယ်လို့ သိရပါတယ် ။


ပြင်ဆင်ထားတဲ့တစ်ကိုယ်တော်ခွေးလေးဟာ အခုဆိုရင် Audio ပိုင်းကိုတော့ ပြင်ဆင်ပြီးပြီဖြစ် ပြီး MTV ရိုက်ကူးပြီးရင်တော့ ထွက်ရှိဖြစ်မယ်လို့ဆိုပါတယ်။ အနုပညာလောကနဲ့ အဆက် အသွယ်ပြတ်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်းမှာ ပြောင်းလဲမှုတွေအများကြီး မြင်တွေ့ ခဲ့ရတယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့ သူ့ရဲ့ တစ်ကိုယ်တော်ခွေအတွက် သီချင်းသွင်းနေကြတဲ့ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ လက်ရှိလုပ်နေတဲ့ သီချင်းနာမည်ကတော့ "မတည်မြဲညနေ " ဖြစ်ပါတယ် ။


အရင်အလွမ်းနေ့များကို update လုပ်ခြင်းဆိုတဲ့ စာသားနဲ့အတူ သူ့ရဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ် ။ အနုပညာအလုပ်တွေ နဲ့အလှမ်းဝေးနေတဲ့ ဟက်ကက်တစ်ယောက် သူ့ရဲ့ ဂီတအရည်သွေးအသစ်တွေနဲ့ ပရိသတ်ရှေ့ပြန်ရောက်လာတော့မှာမလို့ အားပေးလိုက်ကြရအောင် ပရိသတ်ကြီးရေ .. ။
Source : Saw Hackett


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။