"လူတွေကကိုယ့်ပိုက်ဆံနဲ့မဝယ်ရတိုင်း,ကိုယ့်ပစ္စည်းမဟုတ်တိုင်းလို့,တမင်အကျင့်ယုတ်နေသလားတောင်ထင်ရတယ် ထမင်းတနပ်ရဲ့တန်ဖိုးကိုနားမလည်ကြဘူး " လို့ ပြောလာသူက နာမည်ကျော် မိတ်ကပ်ပညာရှင် ဖြစ်တဲ့ ခင်စန်းဝင်းပါ ။ မကြီးစန်းတစ်ယောက် ထမင်းတစ်နပ်ကျေးဇူးကို မသိတတ်သူတွေရဲ့အကြောင်း ကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်တင်ပြီး ပေါက်ကွဲခဲ့ပါတယ်။


မကြီးစန်း က " ကိုယ်ပေါင်ကိုယ်လှန်ထောင်းရဦးမယ်ကျမရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့နေ့စဉ်ဈေးတွေကိုယ်တိုင်သွားဟင်းတွေကိုယ်တိုင်ချက်ပြီးဝဝလင်လင်စားရပါစေ,ကာင်းကောင်းမွန်မွန်စားရပါစေပေါ့ ကျမရဲ့ဝန်ထမ်းတွေနဲ့မှီခိုသူများကိုစေတနာနဲ့ကျွေးမွေး လာတာနှစ်ပေါင်းမနည်းတော့ဘူး လွန်ခဲ့တဲ့၄လလောက်က,ပြည်စိုးအောင်စိတ်ဆိုးပြီးဖုန်း ဆက်ပြောပြတုံးကဒီလောက်ဆိုးမယ်မှန်းမထင်ခဲ့ဘူး ဒီနေ့မီးဖိုခန်းထဲဝင်ယင်းအမှိုက်ပုံးထဲအမှိုက်ပြစ်တော့မှ ဒီမြင်ကွင်းကိုမြင်ရတာ,ဘုရားဘုရားလို့တောင်တမိတယ်" လို့ သူမရရှိခဲ့တဲ့ သံဝေဂတွေကို ပြောပြခဲ့တာပါ ။


ဆိုင်မှာရှိတဲ့ ဝန်ထမ်းတချို့ရဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်ကြောင့် မကြီးစန်းတစ်ယောက်ဒေါသူပုန်တွေထပြီးပေါက်ကွဲနေရတာပါ ။" မယ်သကာဆိုကိုယ်ကုန်သလောက်ဘဲထည့်စားကြပေါ့ ပိုမယ်ဆိုလဲဇလုံလေး ခွက်လေးနဲ့စုထည့်ထားပြီးခွေးစာ ငှက်စာလေးကျွေးယင်ကုသိုလ်မရဘူးလား တန်ဖိုးကိုနားမလည်ကြဘူး" လို့လည်း မကြီးစန်းက ပြောထားပါသေးတယ် ။ ပရိသတ်ကြီးရေ ထမင်းတနပ်ကျေးဇူးမသိတတ်သူတွေကြောင့် စိတ်ဒုက္ခ ရောက်နေရတဲ့ မကြီးစန်းအတွက် မှတ်ချက်မှာ အားပေးစကားပြောပေးခဲ့ ကြပါနော်။
Source - Khin San Win
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။