ရွှေရွှေ စုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူ စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျအောင် ရိုနိုင်လွန်းတဲ့ စုံတွဲလေးပါပဲ..။ တစ်ယောက်ကိုတစ်ယောက် နားလည်အလိုလိုက်မှုတွေနဲ့ လိုက်ဖက်ညီညီ ချစ်ကြတဲ့သူတို့ စုံတွဲလေးရဲ့ အချစ်ရေးလေးကတော့ ဝန်းရံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်မှုတွေနဲ့လည်း ရှိနေခဲ့ပါတယ်။  

ယနေ့လေးကတော့ ရွှေမှုံရဲ့ ချစ်သူလေး ကွီးရွှေထူးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ရွှေမှုံကတော့ သူမရဲ့ အချစ်ဆုံးလေးကွီးရွှေထူးကို စာဖွဲ့လို့မမှီတဲ့ စကားလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းထားတာပဲဖြစ်ပါတယ်။ ရွှေမှုံလေးကတော့ " For my birthday boyကယ် အသည်းနှလုံး မွေးနေ့မှစ၍ ပိုပြီး စိတ်ချမ်းသာပါစေကျန်းမာရေးပိုကောင်းပါစေပရိတ်တွေပိုချစ်တဲ့ အနုပညာရှင်လေး ဖြစ်ပါစေ " ဆိုပြီးပြောထားပါတယ်။ 

ရွှေမှုံလေးကတော့ " မိဘကိုလဲ ဒီထက်မက စိတ်ချမ်းသာအောင်ထားနိုင်ပါစေ မိဘကိုဒီထက်ပိုရှာကျွေးနိုင်ပါစေ သဲကိုလဲပိုချစ်နိုင်ပါစေ မိသားစု ပရိတ်သတ် ပြီးရင် အချစ်ဆုံးက သဲပဲဖြစ်ပါရစေပိုဂရုစိုက်နိုင်ပါစေ ဒီထက်ပိုချော့နိုင်ပါစေသဝန်တိုတာလေးလဲ လျော့နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်အများကြီးလဲချစ်တယ် ဒီထက်ပို ချစ်နိုင်အောင်လဲကြိုးစားနေပါတယ် have a happy day my babe i'll always be with u babe happy birthday dear babe " ဆိုပြီးပြောထားပါတယ်။

source: Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။