မြန်မာ့အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံတွေကတော့ ဇာတ်ကားတိုင်းမပါမဖြစ်လိုအပ်တဲ့သူတွေလည်းဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ဇာတ်ပို့ဇာတ်ရံတွေထဲမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ လက်ရှိ မိသားစုဘဝလေးပြိုလဲနေပြီး ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတွေကို အလွမ်းသည်နေရသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။



ဒီကနေ့ ကျော်ဇင်ထွဋ်ကတော့ သမီးဖြစ်သူရဲ့ ဂုဏ်ယူစရာပွဲတစ်ခုကို ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပွဲကတော့ ကျော်ဇင်ထွဋ်ရဲ့ သမီးငယ်ဖြစ်သူ မမြတ်ဧကရီကျော်ရဲ့ ပညာရည်ချွန်ဆုယူပွဲပဲဖြစ်ပြီး စတုတ္ထဆုရရှိခဲ့တဲ့သမီးကိုယ်စားတက်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။



လက်ရှိ ဇနီးဖြစ်သူနဲ့ ထွက်ခွာသွားတဲ့ သမီးကိုယ်စားတက်ရောက်လက်ခံခဲ့ပြီး အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ပြသထားတာတွေ့ရပါတယ်။ ဝေးကွာနေတဲ့ မိသားစုဘဝလေးပြန်လည်ပေါင်းစည်းနိုင်စေရန်ဆုတောင်းပေးရင်း ဒီကနေ့ သမီးဖြစ်သူရဲ့ ဆုပေးပွဲကို တကိုယ်တော်သွားရောက်ခဲ့တဲ့ ကျော်ဇင်ထွဋ်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Photos - Kyaw Zin Htut S


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။