နိုင်ငံကျော် အဆိုတော်မလေး ပိုပိုကတော့ အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်ရင်ထဲကို ရောက်စေခဲ့တဲ့ သူမ ကိုယ်တိုင်ရေးတဲ့ သီချင်းလေးတွေကြောင့် အနုပညာလမ်းကြောင်း ပေါ်မှာ နေရာအခိုင်အမာ ရရှိထားတဲ့ အဆိုတော်မလေး ဘဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ သူမရဲ့တေးစီးရီးအသစ်အတွက်လက်မှတ်ထိုးပွဲတွေ နယ်တွေ မှာ လုပ်ပေးနေတယ်လို့လည်း သိရပါတယ် ။ မုံရွာမြို့မှာ လက်မှတ်ထိုးပွဲလုပ်နေတုန်း ကောင်လေး တစ်ယောက်က သူမရဲ့ပါးကို ဖတ်နမ်းသွားတာ ခံခဲ့ရပါတယ် ။

သူမက သူမရဲ့ Live ကနေတစ်ဆင့် မုံရွာမြို့မှာ လက်မှတ်ထိုးပွဲလုပ် ခဲ့စဉ်က ကောင်လေး တစ်ယောက်က သူမကို ဖတ်နမ်းသွားခဲ့လို့ အပျိုကြီး အရမ်းစိတ်ဆိုးနေပါတယ်လို့ ပြောခဲ့ ပါတယ် ။

အဲဒီဖတ်နမ်းသွားတဲ့ ကောင်လေးကို လည်း ဝိုင်းရှာပေးကြပါလို့ သူမက Live လွှင့်ရင်းပြောခဲ့ပါတယ် ။

သူမကတော့ တစ်ခါမှဘယ်သူ့ကို တကယ် မနမ်းဖူးသလို ဘယ်သူနမ်းတာမှလဲ အနမ်းလဲ မခံရဖူးတာကြောင့် ပိုပိုတစ်ယောက်ရှက်နေပါတယ်။

ပိုပိုရဲ့ Master Peice DVD အခွေလေးမှာ MTV တွေ ကို အမိုက်စားတွေ ရိုက်ကူးထားပြီး ၁၆ ပုဒ်တောင်ပါဝင်နေပါတယ်။ ပရိသတ်ကြီးကလည်း သူမရဲ့ မူရင်း DVD ခွေလေးကိုအားပေး လိုက်ကြပါဦးနော် ။ အပျိုကြီးမမ ပိုပိုကို ဖတ်နမ်းသွားတဲ့ မုံရွာသားကိုတွေ့ရင်လည်း သတင်းပေးလိုက်ကြပါဦးနော် ။

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။