အဆိုတော် မိုက်ကယ် သားစစ်ကတော့ အွန်လိုင်းမီဒီယာထက်မှာ စကားလုံး ဆန်းဆန်းတွေနဲ့ ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်မှု၊ အားမှေုကို ရရှိထားသူဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း တချိန်က အဆိုတော် တစ်ဦးဖြစ်သလို လက်ရှိမှာတော့ စစ်မှုထမ်းဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်သလို အနုပညာလောကထဲကို တဖန်ပြန်လည် ရောက်ရှိလို့လာဖြစ်ပါတယ်။

လက်ရှိမှာ Singer သားစစ်ရဲ့ ဒီဇိုင်းကာလာဘာညာအနေအထားကို သဘောကျလို့ သရုပ်ဆောင်အဖြစ် အနုပညာအလုပ်တေါကို အတူလုပ်ဆောင်နေပြီလည်းဖြစ်သလို လတ်တလောမှာာတော့ Singapore နိုင်ငံကို အလည်ရောက်ရှိနေတာဖြစ်ပါတယ်။ ခရီး မထွက်ခင်မှာ ပွဲကြီးပွဲကောင်းအနေနဲ့ အဆိုတော် ရော်ကာကြီး ဝန နဲ့ ထိပ်တိုက် တွေ့ ဆုံခဲ့ပါသေးတယ်။

အဆိုတော် ရော်ကာကြီး ဝန နဲ့ သားစစ်တို့ဟာ အပြင်မှာလည်း မိတ်ဆွေတွေ ဖြစ်တာကြောင့် စက်တင်ဘာလ (၁၂) ရက်နေ့က ရန်ကုန်မြို့ Old Skool စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တဲ့ ဝနရဲ့ "သီချင်းသုံးပုဒ်" လို့နာမည်ပေးထားတဲ့ Mini Album တေးစီးရီး မိတ်ဆက်ပွဲနဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ Singer သားစစ် အပြင် အခြားသော အဆိုတော်တွေဖြစ်ကြတဲ့ သားဒီလူးနဲ့ မိတ်ဆွေ များ၊ ပရီသတ်များ တက်ရောက်ခဲ့ကြပါတယ်။

source: TUN TUN HEIN & WANA;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။