နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ သူမတတ်ကျွမ်းကျင်နဲ့ မိတ်ကပ်ဖန်တီးမှုတွေနဲ့ လူမှုကွန်ယက်မှာ အောင်မြင်မှုတွေရရှိထားသလို အနုပညာအလုပ်တွေနဲ့လည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း အခိုက်အမာရရှိထားသူပဲ ဖြစ်ပါတယ် ။ စကားပြောပွင့်လင်းပြီး အမြဲတတ်ကြွလန်းဆန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လဲ ပရိသတ်တွေအချစ်ပိုခဲ့ရပါတယ်။


ချီချီကတော့ " မသိဘူး ခပ်ချေချေပဲ။ ကပြပြီးပြီဆိုတော့ JOOX နဲ့KTV သီချင်းဆိုပြမယ်။ နေခြည့် Chillies တွေကလည်း "နေခြည်ရေ သီချင်းဆိုပြပါ၊ ကပြပါ" နဲ့ ဆိုတော့ ဒီရက်တော့ အဆို ချည်းပဲ တစ်လိုင်းပေါ့။နေခြည် အသံသေးအသံကြောင်နဲ့ ထထ အော်တိုင်း အိမ်ကလူတွေလည်း စိတ်ညစ်လောက်ပြီ။ " ဆိုပြီးပြောထားပါတယ်။



ယနေ့မှာတော့ ချီချီတစ်ယောက် သူမကို အချေလို့ ပြောနေကြတဲ့ လူတွေကို အချေတစ်လိုင်းမဟုတ်ဘူးဆိုတာကို သီချင်းလေးတွေဆိုပြပြီး သက်သေပြခဲ့ပါတယ်။ ချီချီရဲ့သီချင်းဆိုတဲ့ အသံလေးတွေကြောင့် ဘေးနားကသူငယ်ချင်းတွေ ထွက်ပြေးခဲ့ရပြီးဘေးအိမ်ကလူတွေလဲ စိတ်ညစ်နေကြပြီလို့ စနောက်ထားပါတယ်။ ချီချီရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့သီချင်းဆိုနေတဲ့ ဗီဒိယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။



SOURCE: NAYCHIOO
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။