နွယ်ဒါလီထွန်းဟာ Oramin-F miss ပြိုင်ပွဲမှာ Winner ရခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေးဘဲ ဖြစ်ပါတယ် ။ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေပိုင်ဆိုင်တဲ့ မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းက ပရိတ်သတ်အများအပြားဝန်းရံခံရသူလေးပါ ။ သူမကို မကြာခင်မှာ အဖြူရောင်သတို့သမီး လေးအဖြစ် မြင်တွေ့ရတော့မှာပါ ။


အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ကိုအမြဲဖမ်းစားထားတဲ့ သူမကတော့ Dior by Heart ရဲ့ ငါးနှစ်ပြည့်နှစ်ပတ်လည် Wedding Fair & Fashion Show အတွက် သတို့သမီးဝတ်စုံ လေးနဲ့ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ သူမရဲ့လှပတဲ့ မင်္ဂလာသတို့သမီးဝတ်စုံလေး တွေက တော့ တကယ်ကိုခမ်းနားလှပပြီး သူမရဲ့ နှစ်လိုဖွယ် အပြုံးတွေနဲ့အရမ်းကိုလိုက်ဖက် ညီ လွန်း နေပါတယ် ။ အခုချက်ချင်းဘဲ မင်္ဂလာဆောင်တော့မယ့်သတို့သမီးလေးလို သူ့မရဲ့ အလှပတွေကို ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ ..။



ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးအတွက် နွယ်ဒါလီထွန်း ရဲ့ မင်္ဂလာသတို့သမီး ဝတ်စုံနဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Nwe Darli Tun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။