ချစ်ပရိတ်သတ်ကြီးရေ ပရိသတ်တွေအများဆုံး အားပေးကြပြီး အစီစဉ်ကောင်းတစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကတော့ နှစ်တိုင်းလိုစိတ်ဝင်စားမှုတွေနဲ့ နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပါတယ်။ထိုပြိုင်ပွဲထဲမှာမှ ဖြိုးမြတ်အောင်ကတော့ နောက်ဆုံး Final မှာ Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့ ပရိတ်သတ် အများအပြား အားပေးမှုကို အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။


ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီးများအားလုံးသိရှိပြီးသား ဖြစ်မှာပါ။သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း နေ့စဉ်ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း မင်းသမီးချောလေး ပိုးကြာဖြူခင်နဲ့အတူ ပြက္ခဒိန်ရိုက်နေတာလည်းဖြစ်ပါတယ်။ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို ပိုးကြာဖြူခင်ရဲ့ စာမျက်နှာပေါ်တွင်ဖော်ပြထားရာ ထိုပုံလေးတွေနဲ့ အတူ"ဖြိုးမြတ်အောင်နဲ့ ပြက္ခဒိန်ရိုက် သူနဲ့ ကျမ အသက်ရွယ်တူ ဆိုတာ ဒီနေ့မှ သိတော့တယ် အလွန်ရှက်တတ်သော အဆိုတော်လေး "လို့ဖြိုးမြတ်အောင်ရဲ့ ရိုးစင်းလွန်းတဲ့ အမူယာပုံလေးကို စနောက်ကာ ပြောပြထားတာလည်းတွေ့ရပါတယ်။


ဖြိုးမြတ်အောင်ရဲ့ စိတ်ထားလေးကလည်း တကယ်ကို ရိုးစင်းပြီးလေးစားအားကျစရာ ကောင်းတာအမှန်ပဲဖြစ်ပါတယ်။ရိုးသား ကြိုးစားသူလေးဖြစ်တာကြောင့်လည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရထားသူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်တွေတွက် ဖြိုးမြတ်အောင်နဲ့ ပိုးကြာဖြူခင်ရဲ့ ရိုက်ကွင်းက ပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ် ။


Source:Poe Kyar Phyu Khin
Photo credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။