ဂျပန်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရုပ်ရှင်မင်းသမီးဟန်နီထွန်း ကတော့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အဖြစ်တွေကို ထင်ဟပ်စေမယ့် စကားတွေကိုပြောဆိုလိုက်ပါတယ်။ ဒုစရိုက်မှုတွေများပြားလာနေတဲ့ လက်ရှိအခြေအနေမှာ ဟန်နီထွန်း က တော့ ထိရှစေမယ့် မေးခွန်းတွေကို ပြည်သူတွေကိုယ်စား ထုတ်ဖော်လိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတာတွေ နဲ့ ပတ်သက်ပြီး "ခိုး ဆိုး လု နှိုက် လူသတ် မုဒိန်းကျင့် သက်ငယ်မုဒိန်းကျင့်လူသတ်မှု ဒုစရိုက်မှုတွေမတရားပေါလာမှာပေါ့ ဘယ်သူအုပ်ချုပ်တဲ့အချိန်မှာ ထောင်ကျအပြစ်သား ထောင်သောင်းချီပြီးလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးသလဲ ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိအစိုးရ လက်အောက်မှာလား ?လမ်းထွက်လို့ အန္တရာယ်မကြုံဘူးသေးလို့ ကိုယ်ခြင်းမစာမပြောနဲ့ တကယ်ကြုံဖူးမှ ကိုယ်ခြင်းစာတတ်ကြလိမ့်မယ်" လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

နိုင်ငံတစ်ခုလုံးမှာ ယခင်ကထက် မှုခင်းဖြစ်စဉ်တွေ တိုးပွားနေတာကြောင့် ပြည်သူတွေရတက်မအေးဖြစ်နေရချိန်မှာ ဟန်နီထွန်း ရဲ့ စကားတွေ က ပြည်ပမှာနေထိုင်နေပေမယ့် ပြည်သူတွေနဲ့ တသားတည်းပါဘဲ ။ ပရိသတ်ကြီးရော ဟန်နီထွန်း ရဲ့ ခံစားချက်နဲ့တူနေရင် မှတ်ချက်မှာပြောပြပေးသွားပါနော်.

Source - Honey Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။