ပရိသတ်ကြီးရေ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ နှမြောခဲ့ရတဲ့ သူမက သားလေးမွေးခဲ့တာကလွဲပြီး ယနေ့တိုင် သားလေးပုံအပါအဝင် သားလေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုကိုမှ ပြောကြားထားခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ယွန်းက ပရိသတ်တွေ သိချင်နေတဲ့ သားလေးရဲ့အကြောင်းအားလုံးကို တစ်ခုမကျန် စိတ်ရှည်လက်ရှည်နဲ့ အကုန်ဖြေကြားခဲ့ပါတယ်။
သူမအနေနဲ့ ကိုယ်ဝန်ရှိကြောင်းကို လေးပတ်ရှိတဲ့အချိန်မှာ Result ကိုတော့ ခင်ပွန်းကကြည့်ပြီး သူမကိုအားပေးစကားဆိုခဲ့ပါတယ်။ ယွန်းက Liam လေးကို ကိုယ်ဝန်ဆောင်ထားစဉ် ၆လအထိ ကျောင်းတက်ခဲ့ပါသေးတယ်။ ကိုယ်ဝန် ၁၅ပတ်မှာတော့ သားလေးမှန်း စတင်သိခဲ့ရတာဖြစ်သလို သားလေးရဲ့ "Liam" ဆိုတဲ့နာမည်လေးကိုတော့ သူမရဲ့ခင်ပွန်းကပေးထားတာဖြစ်ပြီး သူမအမေကလည်း သဘောကျခဲ့တာကြောင့် သူတို့နှစ်ဦးက ယွန်းနဲ့အတိုက်အခံလုပ်ပြီး ပေးခဲ့တဲ့နာမည်လေးလည်း ဖြစ်ပါတယ်။ Liam လေးအတွက် မြန်မာနာမည်ပေးဖို့ကိုတော့ အခုချိန်ထိ ဦးနှောက်ခြောက်ခံရတဲ့အထိ စဉ်းစားနေတုန်း ဖြစ်ပါတယ်။
ယွန်းက ကလေးမွေးပြီးတဲ့အချိန်မှာ သူမရဲ့မိသားစုရော ခင်ပွန်းပါအတူရှိနေပေးခဲ့လို့ သူမအနေနဲ့ အရမ်းပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ Celebrity တစ်ဦးဖြစ်နေတယ်ဆိုတဲ့အချက်က သူမရဲ့ခိုင်မာဆုံးဖြတ်ချက်ကို ဘာတစ်ခုမှ မပြောင်းလဲစေခဲ့ပါဘူးလို့ ဆိုပါတယ်။ယွန်းက သူမရဲ့ Liam လေးကို သြဂုတ်လ၆ရက်နေ့မှာ ရိုးရိုးမွေးခဲ့တာဖြစ်ပြီး သားအလေးအတွက် မိခင်နို့ရည်ရော အာဟာရနှစ်မျိုးစလုံးပါ တိုက်ကျွေးတာကြောင့် Liam က ၇ပေါင်နဲ့ ၅အောင်စ ကိုယ်အလေးချိန်ရှိတဲ့ ကျန်းမာဝဖြိုးတဲ့ ကလေးလေး ဖြစ်ပါတယ်။ သားလေးက ပြီးတော့ Liam လေးက သူဆာလောင်နေတဲ့အခါမှာတောင် အနည်းငယ်ဂျီကျတာကလွဲလို့ မငိုတတ်တဲ့ကလေးလည်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ သူမအနေနဲ့ ၂၅ပေါင်အထိ ဝိတ်တက်ခဲ့ပေမယ့် BODY ပုံမပျက်ခဲ့တဲ့ ယွန်းက ကိုယ်ဝန်ဆောင်စဉ်မှာရော ကလေးမီးဖွားပြီးချိန်မှာရော လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတစ်ခုသာ သေသေချာချာ ပုံမှန်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ မိခင်ဘဝကို ခံယူလာရတဲ့ အချိန်မှာတော့ နေရာတိုင်းမှာရှိတဲ့ မိခင်အားလုံးကို လေးစားမိသလို သူမအနေနဲ့ အားလုံးကိုချစ်တတ်ဖို့လည်း သင်ယူလာခဲ့ပါတယ်လို့ ဆိုပါတယ်။ ကဲ ချစ်ပရိသတ်တွေ သိချင်နေကြတဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေးနဲ့ပတ်သက်ပြီး အကြောင်းအရာအားလုံးကို တစ်ခုမကျန် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Yun Waddy lwin Moe ;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။