အောင်ရဲလင်း

ပရိသတ်တွေ အသည်းစွဲ ချစ်ရတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ အောင်ရဲလင်းကတော့ မြန်မာနိုင်ငံရဲ့ အမိုက်စား ဘီးကျဲတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ တက်တူးလ်ထိုးရတဲ့ နှစ်သက်တဲ့ ဒေါင်ကောင်းကောင်း ၊အရပ်အမြင့်မြင့် စော်ကြည်ဘီးကျဲ တစ်ယောက်မို့ ပျိုမေတွေ ဝန်းရံရတာ တန်မယ် ထင်ပါတယ်နော်။ အနေအေးပြီး အွန်လိုင်း မီဒီယာ နဲ့သိပ်အထိအထွေ့ မရှိပဲ အသုံးနည်းတာကြောင့် ပရိသတ်တွေ သူ့ဇာတ်လမ်း ၊နဲ့ ရုပ်ရှင်တွေ ထွက်တိုင်း ဆက်လက် အားပေးကြပါဦးနော်..။

ထူးအောင်

အမိုက်စား မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ ထူးအောင်ကတော့ မကြာသေးခင်ကမှ မေဂရေ့စ် နဲ့ Mဆိုင်းလု ကို ပခုံးမှာထမ်း ပြီး Squat ထိုင်ပြနိုင်ခဲ့တဲ့ Challenge ကို စတင်ခဲ့သူလည်းဖြစ်ပါတယ်နော်။ အကြမ်းစား Body Builder တစ်ယောက်မို့ တကယ့်ကို Handsome နဲ့ Perfect ဖြစ်တဲ့ ကိုယ်ခန္ဓာ အချိုးအဆစ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

တိုင်ရွန်

မော်ဒယ်လ်တစ်ယောက် အနေနဲ့ အနုပညာအလုပ်တွေ စတင်လာရာကနေ လက်ရှိမှာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ပါ လုပ်ဆောင်နေပြီး မို့ ပရိသတ်တွေ ကြွေပြီးရင်း ကြွေရသူပါနော်။ အမြဲလိုလို ရုပ်ပြောင်တတ်လွန်းလို့ ဒီဘဲကြီး ကြည့်လိုက်တိုင်း အပျော်တွေနဲ့ အမြဲ ပြည့်နေသူ ဖြစ်ပါတယ်။ အရပ်လည်း မြင့်တယ်၊ ဗလလည်းတောင့်တယ်၊ တက်တူးလ်အပြည့် နဲ့ တကယ့်ကို Handsome ဖြစ်တဲ့ Type မျိုး မို့ ပျိုမေတွေ ဝန်းရံသင့်တဲ့ ဘီးကျဲတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

ပိုင်တံခွန်

ဒေါင်ကောင်းပြီး ဗလလည်း တောင့်တဲ့ နောက်ထပ် ဘီးကျဲတစ်ယောက်ကတော့ ပိုင်တံခွန် ဖြစ်ပါတယ်။ သူဟာလည်း Tattoo Crazy တစ်ယောက်မို့ တစ်ကိုယ်လုံး တက်တူးလ် ပြည့်နေသလို ထပ်ကြွေအောင် ဆံပင် အရှည်ထားပြီး အမြဲ နောက်မှာ စည်းထားတတ်တဲ့ ပိုင်တံခွန်ကလည်း ပျိုမေတွေ See First ထားသင့်တဲ့ ဒုတိယတစ်ယောက်ဖြစ်ပါတယ်။ အပြုံးလေးကတော့ ကြည့်မိရုံ နဲ့ အကြိမ်ကြိမ်သေနိုင်လို့ "ညို့နိုင်လွန်းတဲ့ ကျမချစ်သူ" သီချင်း နဲ့ တကယ့်ကို ခြွေသွားနိုင်တဲ့ သူလို့ ဆိုရင် မမှားဘူးပေါ့နော်...။

ဟိန်းမင်းသူ

ဟိန်းမင်းသူကတော့" တိုးတိုးတိတ်တိတ် " သီချင်းလေးနဲ့ပရိသတ်အချစ်ကို ရယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ Justin Bieber လို့ သတ်မှတ်ခြင်းခံရသူလည်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအချိုးအဆစ်က ယောကျာ်း ဆန်ပြီး ပြေပြစ်သလို ပျိုမေတို့ သဘောကျတဲ့ 6-pack ရှိတဲ့ ဘီးကျဲတပွေပါနော်..။ အနုပညာလှုပ်ရှားမှု အနေနဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို သရုပ်ဆောင် တစ်ဦးအနေနဲ့ တွေ့မြင်ရမှာမို့ ပရိသတ်တွေ ဆက်လက်အားပေးကြပါဦးနော်...။

source: paing thkon, htoo aung , hein minthu , aung yelin & tyron bejay;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။