အသားဟင်းဆိုတာနဲ့ အသားတွေကို ဆီပြန်ချက်လိုက်၊ ကြော်စားလိုက်နဲ့ ငြီးငွေ့နေပြီဆိုရင် အအီပြေစေမယ့် ဟင်းချက်နည်းလေး ပြောပြချင်ပါတယ်။ ဒါကြောင့် ချက်နေကြ အလွယ်တကူငြီးငွေ့စေမယ့် အသားဟင်းပုံစံတွေထဲခွဲထွက်ပြီး အာရှတိုက်ရဲ့ လူကြိုက်အများဆုံး အစားအစာတ မျိုးဖြစ်တဲ့ ဝက်သားလုံးချိုချဉ်ဟင်းကို အခုပဲချက်ကြည့်ရအောင်။အရသာ ရှိလှတဲ့ ဟင်းလျာတွေက ပရိသတ်ကြီးရဲ့ အားလပ်ရက် ကိုပျော်ရွှင်စေမယ်လို့ အာမခံပါတယ်နော်။


ကြိတ်ထားတဲ့ဝက်သား – ကီလိုဝက်
မုန်လာဥနီအလတ် – ၁ လုံး (အစိပ်သေးလေး တုံးထားရန်)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်းဝက်
ကြက်ဥ – ၁ လုံး
ဂျုံ – စားပွဲတင်ဇွန်း ၁ ဇွန်း
ငရုတ်ဆော့ချို – ၁ ခွက်
ကြက်သွန်နီ – ၁ လုံး (ပါးပါးလှီးထားရန်)
မုန်လာဥနီအသေး – ၁ လုံး (အမြှောင်းလိုက်ပါးပါးရှည်ရှည်လှီးထားရန်)
ငရုတ်ပွ – ၁ လုံး (အမြှောင်းလိုက်ပါးပါးရှည်ရှည်လှီးထားရန်)
နာနတ်သီး – ၁ ခွက် (အတုံးထူထူ တုံးထားရန်)
ရေ – ၁ ခွက်ခွဲ နဲ့ ကြော်ဖို့ ဆီ တို့ လိုအပ်ပါတယ်။


အားလုံးပြင်ဆင်ပြီးပြီဆိုရင် အရင်ဆုံး ဇလုံတလုံးထဲမှာ ကြိတ်ထားတဲ့ဝက်သား၊ မုန်လာဥနီ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥနဲ့ ဂျုံမှုန့်တွေကိုရောပြီး သမအောင်နှယ်ပါ။ ၁ လက်မခွဲ အရွယ်အစားရှိတဲ့ အသားလုံးတွေလုံးပြီး ရေခဲ သေတ္တာထဲ ၁၀ မိနစ်လောက်ထည့်ပြီး အအေးခံပါ။၁၀ မိနစ်လောက်ရှိပြီဆို အသားလုံးတွေကြော်ဖို့ ဒယ်အိုးပြားကို မီးဖိုပေါ်တင် အပူပေးပါမယ်။ ပူလာပြီဆိုရင် ဆီထည့်ပြီး အသားလုံးတွေ ရွှေအိုရောင်သမ်းလာတဲ့ထိ ၈ မိနစ်ကနေ ၁၀ မိနစ်လောက် ကြော်ပေးပါ။ပြီးရင် ဝက်သားလုံးချိုချဉ်အတွက် ချိုချဉ်အရသာ ဆော့စ်ချက်ပါမယ်။ ငရုတ်ချိုဆော့၊ ကြက်သွန်နီ၊ မုန်လာဥနီအသေး၊ ငရုတ်ပွ၊ နာနတ်သီးနဲ့ ရေတို့ကို အချိုးကျရောစပ်ပြီး အိုးထဲထည့် အပူပေးလိုက်ပါ။ ၁၀ မိနစ်လောက်ကြာလို့ ပြစ် လာပြီဆိုရင် ခုနကြော်ထားတဲ့ ဝက်သားလုံးပေါ် လောင်းချလိုက်ရင် ချိုချဉ်အရသာနဲ့ တမျိုးဆန်းသစ်တဲ့ ဝက် သားလုံးချိုချဉ် ဟင်းတခွက်ရပါပြီ။
Source - Yummy
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။