ပရိသတ်အချစ်တော် အဆိုတော် နှစ်ဦးဖြစ်တဲ့ Bunny ဖြိုး နဲ့ ဘစိုင်း တို့ကတော့ ခင်မင်ရင်းနီးတဲ့ သူငယ်ချင်းတွေလဲ ဖြစ်သလို ဂီတလမ်းမှာ အတူတူ လျှောက်လှမ်းနေတဲ့ ဝါသနာတူ အနုပညာရှင်တွေလည်းဖြစ်ပါတယ်။ အပြင်မှာလည်း တကယ့်ကို ညီအစ်ကိုရင်းလို ခင်မင် ကြသလို တစ်ယောက်ကို တစ်ယော်က စလိုက်နောက်လိုက်နဲ့ ပရိသတ်တွေက လည်း သူတို့စာလေးတွေ ဖတ်ပြီး အမြဲရယ်မောနေရ၊ အချစ်ပိုနေရတာ ဖြစ်ပါတယ်။

Bunny ဖြိုး ကတော့ လက်ရှိမှာ "နီယွန် အိမ်မက်များ " သီချင်း ခွေထွက်ရှိခဲ့ပြီး ဘစိုင်းကတော့ "Sai Sai is Sai Sai" သီချင်းခွေလေး အပြင်" သနားသောအားဖြင့် " ဆိုတဲ့ သီချင်းလေးပါ နောက်ဆုံးသီချင်း ထွက်ရှိထားပါသေးတယ်။ စိုင်းစိုင်း ကတော့ အသက်(၃၉) နှစ် ၊ Bunny ဖြိုးကတော့ အသက်(၂၆) နှစ် ၊ နှစ်ဦးကြား အသက်(၁၂) နှစ်ကွာပေမဲ့လည်း တကယ့်ကို ညီအစ်ကိုတွေလို ခင်မင်ရတဲ့ ခင်မင်မှုမျိုးကို ပိုငဆိုင်ထားကြတာဖြစ်ပါတယ်။

ညသန်းခေါင် ၁ နာရီကျော် လောက် အိပ်မပျော်လို့ " ဒီအချိန် ငါ့နံဘေးမှာ ပူတင်းပေါင်မုန့်ပဲရှိတယ် " လို့ ဖီးလ်နေတဲ့ Bunny ဖြိုး ရဲ့ ခံစားချက်တွေကို ဦးစိုင်းက ဝင်ပြီး "ငါ့လဲ နည်းနည်းကျွေးပါလား ကွာ" လို့ တောင်းစားလိုက်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ "ကုန်သွားပြီ" ဆိုပြီး အိတ်ခွံကြီးပဲ Bunny ဖြိုးက ပြန်မန့်လာလို့ ဦးစိုင်းရဲ့ စောင့်ကြည့်သူ ပရိသတ်တွေက ပွဲကျပြီး အသနားပိုနေခဲ့ရပါတော့တယ်။

source: Bunny Phyoe & Sai Sai ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။