ရုံးပိတ်ရက်တွေနဲ့ အားလပ်ရက်တွေမှာ အစားတလိုင်း ပရိသတ်ကြီးအတွက် သတင်းကောင်း နည်းလမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ဝက်သားကို ပုံမှန် ချက်စား၊ ကြော်စားနေကြအတိုင်း မဟုတ်ဘဲ တစ်မူးထူးခြားပြီး ချက်ပြုတ်စားနိုင်ဖို့အတွက် အခု ဖော်ပြပေးမယ့် ဟင်းချက်နည်းလေးကတော့ ပျားရည် ဝက်နံရိုးကြော်ပဲ ဖြစ်ပါတယ်။ ပျားရည်က ကျန်းမာရေးအတွက် သင့်တော်သလို ဝက်သားနဲ့ တွဲဖက်ပြီး စားသုံးတဲ့ အခါမှာလည်း အရသာကို တမူထူးခြား ကောင်းမွန် လှပါတယ်။ ကဲ … ဒါဆိုရင်တော့ ချက်ပြုတ်နည်း အဆင့်ဆင့်ကို လေ့လာလိုက်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်နံရိုး - ၅၀ သား (သို့) ၂ ပေါင်
၂။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၆။ သကြား - လက်ဖက်ရည်ဇွန်း တဝက်
၇။ ကြက်သွန်ဖြူ မှုန့်- လက်ဖက်ရည်ဇွန်း (သို့မဟုတ်) ကြက်သွန်ဖြူ ၂ တက်ကို
ညက်အောင်ထောင်းထားပါ။
၈။ ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဝက်နံရိုးကို အနေတော်ခန့် အတုံးတုံးပြီး ဆေးကြော သန့်စင်ထားပါ။
၂။ ပါဝင်သော ပစ္စည်းများနှင့် သမအောင် နယ်ထားပြီး နာရီဝက်ခန့် နှပ်ထားပါ။
၃။ ဝက်နံရိုး မြုပ်အောင် ဆီထည့်ရမှာမို ကြော်မယ့် ဒယ်အိုးရဲ့ သုံးပုံတပုံ အထိ ဆီကို ထည့်ပြီး အပူပေးပါ။
၃။ ဆီပူလာလျှင် ဝက်နံရိုးများကိုထည့်၍ကြော်ပါ။
၄။ နံရိုးများ အညိုရောင်သန်းလာလျှင် ဒယ်အိုးကနေ ဆယ်ပြီး ဆီစစ်ထားပါ။
အခုဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံလှတဲ့ ပျားရည် ဝက်နံရိုးကြော်ကို ရရှိပြီပဲ ဖြစ်ပါတယ်။
ကိုးကား : Original chef

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။