ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မအိုဆေးစားထားလား မေးယူရလောက်အောင် ဆယ်ကျော်သက်လေးပမာ အရွယ်တင်နုပျိုလွန်းသူလေး ဖြစ်ပါတယ်။ မော်ဒယ်၊သရုပ်ဆောင် တိုင်ရွန်ကလည်း ယောက်ျားပီသတဲ့ Body မျိုးကို ပိုင်ဆိုင်ထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းကို အတူတူ လျှေက်လှမ်းနေကြတဲ့ သူတို့နှစ်ဦးက မနေ့ကနှစ်ယောက်အတူ ပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။

သြဂုတ်လ ၃၀ရက်နေ့က Oppo ရဲ့ F9 ဖုန်းသစ်မိတ်ဆက်ပွဲကို " Melia Hotel Yangon " မှာ ကျင်းပပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ ရွှေကစ်က ပန်းနုရောင်ဝတ်စုံလေးနဲ့ စမတ်ကျကျ ပွဲတက်လာခဲ့သလို တိုင်ရွန်ကလည်း အနောက်တိုင်းဝတ်စုံနဲ့ ကိုရီးယားတစ်ဦးလို ချောမောခန့်ညားနေတာ တွေ့ရပါတယ်။ အနုပညာမောင်နှမတွေ စုံစုံလင်လင် တက်ရောက်ခဲ့တဲ့ ဒီပွဲလေးမှာ တိုင်ရွန်နဲ့ ရွှေကစ်တို့က ဘေးချင်းကပ်အတူ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

တိုင်ရွန်က "ရင်တွေခုန်လိုက်တာဗျာ တော်တော်လှတယ်" ဆိုပြီး ရွှေကစ်ကိုငေးကြည့်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့မှ "OppoF9 လေးအသစ်ထွက်တာ" ဆိုပြီး ရွှေကစ်လား OPPO F9 လား မသိရအောင် ရေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တိုင်ရွန်ရဲ့အကြည့်တွေက ရွှေကစ်အပေါ် စူးရှနေတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Tyron Bejay ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။