ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV -4 ဇာတ်လမ်းတွဲတွေတစ်ဆင့် နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ "ဝင်္ကပါစံအိမ်" ၊ "ဥယျာဉ်မှူးဖြစ်ဖူးချင်သည်" စတဲ့ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာဆန်ဆန်ပြုမူနေထိုင်တတ်တဲ့ သူမကို ပရိသတ်တွေက အချစ်ပိုခဲ့ကြတာ ဖြစ်ပါတယ်။ ယခုလည်း ပိုးက လက်ရှိမှာပြသနေတဲ့ " မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဒီဇာတ်လမ်းလေးမှာတော့ သူမက "ဆိုင်းမိုင်"ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး စည်သူဝင်း၊ကျော်ထက်ဇော်၊ထက်ထက်မိုးဦးနဲ့ အေးမြတ်သူတို့လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရဲသွေး၊ကာရံဟိန်း၊ဆိုင်းမိုင် အဖြစ်သရုပ်ဆောင်ထားတဲ့ သူတို့၃ဦးရဲ့ဇာတ်လမ်းလေးက လက်ရှိမှာ ကြည့်ရှုမှုအများဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်အားပေးနေတဲ့အချိန်မှာ ဆိုင်းမိုင်လေးက ပရိသတ်တွေ မထင်မှတ်ထားတဲ့ စာသားလေးနဲ့အတူ ရဲသွေးနဲ့ပုံလေးတွေကို တင်လိုက်ပါတယ်။


သူမက "ဒီတစ်ယောက်ထဲ မှန်ကန်စွာရွေး လက်ထပ်မဲ့သူ ချစ်ရတဲ့သူ တစ်ယောက်ထဲလေ အချစ်လည်း ဒီလိုပါပဲ မင်းရဲ့ဘဝက တို့ပါ တို့ရဲ့ဘဝက တစ်ယောက်ထဲလေ ဆိုင်းမိုင်လေးကို အကို ရဲသွေးနဲ့ သဘောတူကြရဲ့လားဗျို့ " ဆိုပြီး သူမတို့နှစ်ဦးရဲ့စုံတွဲပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ရဲသွေးနဲ့ပဲ လက်တွဲသွားတော့မှာလား ကာရံကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Poe Kyar Phyu Khin ;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။