သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။

သံလွင်ဆီ မှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ် တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင် လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင် မှု ရှိပါတယ်။

(၁)ချက်ပြုတ်ခြင်း

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၂)အားအရေ

ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်း တဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။

(၃)ဆံပင်သား၊ လက်သည်း ခြေသည်း

ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက် စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့် သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်း ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ ကြည်လင် တောက်ပစေပါတယ်။

(၄)ချောင်းဆိုးခြင်းနှင့်လည်ချောင်းနာခြင်း

သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာ တို့ကို သက်သာစေပါတယ်။

(၅)ဟင်းချက်အိုးများ

သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေး ပါ တယ်။

(၆)နှုတ်ခမ်းဆိုးဆေး

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်း ဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြု နိုင်ပါတယ်။

(၇)ရေချိုးဆီ

ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိ သာသာ တောက်ပြောင် လာပါလိမ့်မယ်။

Source : allure.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။