မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်း မော်ဒယ်သရုပ်ဆောင် စာရင်းဝင်သူလေး ပက်ထရစ်ရှာကတော့ ညို့အားပြင်းမော်ဒယ်မလေးတစ်ယောက်အဖြစ်ပရိသတ်တွေကြားရေပန်းစားသူလေးပဲဖြစ်ပါတယ် ။ညို့အားပြင်းနှုတ်ခမ်းလေးတစ်စုံနဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှပိုင်ရှင်လေးသူမကတော့ မြန်မာမော်ဒယ်တွေထဲမှာ လက်ချိုးရေလို့ရတဲ့ နိုင်ငံခြားဆန်ဆန်မော်ဒယ်မလေး တွေထဲကတစ်ယောက် လည်းဖြစ်ပါတယ်။
ဖက်ရှင်နဲ့ပတ်သတ်လာရင်လည်း လက်ရှိဖက်ရှင်ခေတ်ရေစီးကြောင်းပေါ်မှာအလိုက်သင့်လိုက်ပါစီးမျှောနေသူလေးဖြစ်ပြီး တစ်ခါတစ် ခါသူမအမိုက်စားဖက်ရှင်တွေကြောင့်ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့အထိပါပဲနော်။ဒီတစ်ခေါက်မှာလည်း ပရိသတ်အားလုံးရဲ့ အမြင်အာရုံတွေကို မလွဲနိုင်လောက်အောင်အထိ ညို့အားပြင်းတဲ့ ပုံရိပ်လေးတွေကိုသူမရဲ့ Instagram လူမှုကွန်ယက်ကနေ မျှဝေလိုက်တာပဲဖြစ်ပါတယ်။
အမိုက်စားဖက်ရှင်တွေနဲ့ သူမရဲ့ ညိုအားပြင်းမျက်လူံးတစ်စုံကတော့ ရုန်းထွက်ရခက်တဲ့ မာယာထောင်ချောက်လေးအလားထင် မှတ်ရပါတယ်နော်။ဝိုးတဝါးပုံရိပ်တွေကြားထဲကနေမှ စူးရှတောက်ပတဲ့အကြည့်တစ်ချက်ကြောင့် ဝိုးတဝါးမြက်ပရိသတ်ချစ်တဲ့ ရှရှဆိုတာတန်းပြီး သိသာစေတဲ့အထိသူမရဲ့အကြည့်တွေကစွဲဆောင်နိုင်လွန်းနေတာပဲဖြစ်ပါတယ်။အကြည့်တစ်ချက်နဲ့တင်ပရိသတ်တွေအားလုံးရဲ့ နှလုံးသားတွေကို ယိုင်နဲ့သွားစေမယ့် ရှရှရဲ့ အမိုက်စား ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။
သတင်းအရင်းအမြစ် - ပက်ထရစ်ရှာ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။