ပရိတ်သတ်ကြီးအနေနဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲကြီးအတွင်းက ပြိုင်ပွဲဝင်မလေး ဟန်နီထွန်းဝေ ကိုတော့ သတိရနေကြမယ်လို့ထင်ပါတယ်။
သီချင်းလေးတွေကို ကိုယ်ပိုင်ဟန်ပန်လေးတွေနဲ့ ဖန်တီးသီဆိုတတ်တဲ့ ဟန်နီထွန်းဝေ ရဲ့သီချင်းသီဆိုပုံလေးတွေကလည်း ပရိသတ်တွေရင်ထဲမှာ သံမှိုလေးစွဲလိုက်သလို စွဲထင်ကျန်ရစ်နေတာပဲဖြစ်ပါတယ်။


ဟန်နီထွန်းဝေကတော့ ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပေမယ့် အနုပညာအလုပ်တွေကိုရပ်တန့်ခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်မှာ ရှိသမျှအားအင်တွေသုံးကာ အနုပညာအလုပ်တွေကို အင်တိုက်အားတိုက်ကြိုးစား လုပ်ကိုင်နေတာတွေ့ရပါတယ်။
ပရိသတ်တွေအတွက် အနုပညာအသစ်တွေ ခံစားနားဆင်စေတဲ့စိတ်လေး အရမ်းပြင်းပြ တဲ့ ဟန်နီထွန်းဝေကတော့ မကြာခင်အချိန်လေးတစ်ခုအတွင်းမှာတင် သူမရဲ့ Just A Girl ဆိုတဲ့ သီချင်းအသစ်လေးကိုလည်း ပရိသတ်တွေအတွက် ဖြန့်ဝေပေးတော့မှာပဲဖြစ်ပါတယ်။


Galaxy Star ပြိုင်ပွဲကြီး အပြီး ဟန်နီရဲ့ သိသိသာသာပြောင်းလဲလာတဲ့ အရာလေးတစ်ခုကတော့ အရမ်းကိုချစ်စရာကောင်းပြီး လှလာတာပဲဖြစ်ပါတယ်။
ဟန်နီရဲ့ လှပမှုကတော့ မျက်လှည့်ပြလိုက်သလို ဝုန်းကနဲပြောင်းလဲသွားခဲ့တာမျိုးမဟုတ်ဘဲ နဂိုလှတဲ့အလှလေးထက်ကို အခုအခါမှာ တဖြေးဖြေးသာလွန်လှပလာတဲ့ ပုံစံမျိုးဆိုတာကတော့ ပရိသတ်တွေလက်ခံကြမယ်ထင်ပါတယ်။
အပြုံးချိုချိုလေးတွေ အမြဲပြုံးတတ်ပြီး ကလေးလေးတစ်ယောက်လို အမူအရာလေးတွေနဲ့ ဟန်နီထွန်းဝေ ကိုရော အမြဲအားပေးနေကြမယ်မဟုတ်လားပရိသတ်ကြီးရေ။



Source - Honey Tun Wai
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။