သက်ရှိဘာဘီ အရုပ်မလေး တစ်ယောက်လို လှပလွန်းတဲ့ loren gray ဟာ 2002 ခုနှစ် အေပရယ်လ(၁၂) ရက်မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာ အသက်(၁၆) နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် ဆယ်လီမလေး ဖြစ်ပါတယ်။ အရွယ်နဲ့ မလိုက်အောင် ဝတ်တတ်စားတတ်လွန်းလို့ သူမကို အွန်းလိုင်း မီဒီယာက တော်တော်များများ သတိထားမိလာပြီး လူသိများလာတာဖြစ်ပါတယ်။
သူမဟာ Tiktok ၊ Musical.ly နဲ့ Like ဆိုတဲ့ applicationလေးတွေကနေ အက Video ဖိုင်လေးတွေ ကနေ မကြာခဏဆိုသလို တင်တတ်သူလေးဖြစ်ပြီး Instagram မှာ13.5m followers ရရှိထားတဲ့ သက်ရှိဘာဘီ ရုပ်မလေး ဖြစ်ပါတယ်။ သူမကို အမေရိကန်ပြည်ထောင်စု၊ Pennsylvania မြို့ မှာ မွေးဖွားခဲ့ပြီး ပေါ့ခ် ဂီတကို သီဆိုတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။
လက်ရှိမှာတော့ Virgin Records နဲ့ လက်မှတ်ရေးဖိုးခဲ့ပြီး 2018 ခုနှစ် မတ်လ မှာ first single သီချင်းဖြစ်တဲ့ "My Story" ဆိုတဲ့ သီချင်းလေး ထွက်ရှိခဲ့ပါတယ်။ Teen Vogue နဲ့ Seventeen Magazine တွေမှာလည်း လူငယ် မျက်နာသစ် ဆယ်ကျော်သက် အနေနဲ့ ဖော်ပြခြင်း ခံခဲ့ရသလို People's Choice Awards, the Teen Choice Awards, နဲ့ the VMAs တို့လို ပွဲမျိုးတွေမှာ လည်း ဆုတွေ ရရှိခဲ့ဖူးပါတယ်။
SOURCE: https://www.famousbirthdays.com;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။