အနုပညာအလုပ်တွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးကိုဘဲ ဇောက်ချလုပ်ကိုင်နေတဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံဟာ သားသမီး ၃ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစု ဘဝလေးတစ်ခုကို ပိုင်ဆိုင် ထားကြ တာပါ ။
မေလ 29 ရက်နေ့က သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ဘဲဖြစ်ပြီး လက်တွဲတွေ မြဲခဲ့တာ အိမ်ထောင်သက် (၁၄) နှစ်ပြည့်ခဲ့ပြီဘဲ ဖြစ်ပါတယ် ။
အိမ်ထောင်သက်တမ်းတစ်လျှောက်သူတို့ဇနီးမောင်နှံနှစ်ဦးလုံးက နာမည်ပျက်မရှိခဲ့ သလို သားနှစ်ယောက် သမီးတစ်ယောက် နဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေး ရရှိ ထားတာ ပါ။
ကြည်လဲ့လဲ့ဦး နဲ့ ဇာနည်တို့ ချစ်လိုက်ပုံကတော့ ကြည်နူး စရာကောင်းလွန်းနေပါတယ် ။ ကိုဇာနည်ကတော့ " မိုးတွေသည်းပြန်တော့လည်း... အပေါ်ထပ်နဲ့အောက်ထပ်လေး ကိုတော င်... လွမ်း" ဆိုတဲ့စာသားကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ် ။
ဒီစာလေးကိုကြည့်ခြင်းအားဖြင့် အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက်ရတဲ့ အထိ သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ချစ်သူဘဝကလို လတ်ဆတ်နေဆဲ ဘဲ ဆိုတာ သိသာစေပါတယ်နော် ပရိသတ်ကြီး ။
ကြည်လဲ့လဲ့ဦးကလည်း မင်္ဂလာနှစ်ပတ်လည်နေ့မှာ " မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုတာ ထီထိုးသလိုဘဲ ဆိုတော့ ကျွန်မထီပေါက်ခဲ့ပါတယ် " ဆိုတဲ့စာသားနဲ့အတူ သူယောက်ျားရကံကောင်းကြောင်း ရေးသားခဲ့ဖူးပါတယ် ။
၁၄ နှစ်တိုင်အောင် လက်တွဲခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံက အခုချိန်ထိ တစ်ယောက် ပေါ်တစ်ယောက် မရိုးတဲ့ ချစ်မေတ္တာတွေနဲ့ မြတ်နိုးစွာချစ်နေကြတုန်းဆိုတော့ အားကျစရာကောင်းလိုက်တာ ပရိသတ်ကြီးရေ ....။
Source : Zar Ni
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။