မိန်းမလှလေး တစ်ဦးဖြစ်တဲ့ မေသစ္စာမောင်ဟာ Miss International Queen Myanmar 2019 ဆုကို ရရှိထားပြီး မကြာခင်မှာ နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမဲ့ အလှမယ် တစ်ဦးလည်းဖြစ်ပါတယ်။ လက်၇ှိမှာ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာ၊ တော်တော်များများမှာ မော်ဒယ်လ် တစ်ဦးအဖြစ် ပါဝင်ရိုက်ကူးနေသလို MTV သီချင်းတွေမှာလည်း သရုပ်ဆော်င တစ်ဦးအဖြစ် ရိုက်ကူးနေပြီဖြစ်ပါတယ်။

သူမဟာ အောင်မြင်တဲ့ Transgender Womanတစ်ဦးဖြစ် သလို တကယ့်အမျိုးသမီး အစစ်တွေထက်တောင် လှပသူလို့ ဆိုရမှာပါ။ သူမဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ကြိုးစားလုပ်ဆောင်နေသလို Miss International Queen Myanmar 2019 ပြိုင်ပွဲ မတိုင်ခင် Sex Change ခွဲစိတ်ပြုပြင် ပြောင်းလဲ ဖို့ ရှိပါတယ် လို့ ဆိုခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ခပ်ကြမ်းကြမ်း နဲ့ ရိုမန့်တစ် ဆန်ဆန် ကုတင်ပေါ်က အချစ်ဇာတ်လမ်းပုံစံ MTV ရိုက်ကူးနေပြီး သူမရဲ့ ပရိသတ်တွေကလည်း မျက်လုံးအပြူးသားဖြစ်ခဲ့ရပါတယ်။ သူမ နည်းနည်းလေး ဆိုးမိတယ် လို့ လည်း ဝန်ခံလိုက်သလို ဒါဟာ MTV ရိုက်ကူးနေတာမို့ နားလည်ပေးဖို့ လဲ ဆိုလိုက်ပါတယ်။

Source: May thitsar maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။