အဆိုတော်လင်းလင်းတစ်ယောက် သူ့ရဲ့ချစ်လှစွာသော ဇနီးချောလေး ချစ်သုဝေရဲ့ ဖြူစင်တဲ့ စိတ်ထားလေးကို စာလေးတစ်ပုဒ်ရေးပြီး ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ယောက်သားက ဝါသနာတူ လျောက်နေတဲ့လမ်းကြောင်းချင်းလည်းတူပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေး ကို တည်ဆောက်ထားကြ တာပဲဖြစ်ပါတယ်။ ချစ်စဖွယ်သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကိုနဲ့ပဲသာယာကြည်နူးပြီး ပကာသနတွေ အများကြီး မလိုချင်တဲ့ သူ့ရဲ့ချစ်ဇနီးလေးအကြောင်းကို ချစ်စနိုးနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ဂုဏ်တွေ ငွေတွေထက် ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးမှာပဲနေပျော်ပြီး ခင်ပွန်းဖြစ်သူကိုသိပ်ချစ်တဲ့ အကြောင်းလေးနဲ့ ဒီလိုဖြူစင်တဲ့ ချစ်ဇနီးရဲ့ လေးစားဖွယ်စိတ်ဓာတ်လေးကို အတူယူဖို့ အများ ကြီးကြိုးစားရမှာဖြစ်တဲ့အကြောင်းတွေကို ရေးသားထားတာဖြစ်ပါတယ်။

လင်းလင်းတစ်ယောက် " ဇူကာဘတ် မှတစ်ဆင့် တစ်အိမ်ထဲနေ ကျနော့်မိန်းမထံသို့ အိတ် မပါတဲ့ ပေးစာ " ပစ်တိုင်းထောင်ကြီး အလယ်မှာ ထားပြီး ရောင်တော်ပြန်တွေက ဝိုင်းရံမီးထိုး ပေးရတဲ့ မြို့မျက်နှာဖုံး ထမင်းစားဝိုင်းတွေက ဖိတ်လို့ ကျုပ်တို့လင်မယားနှစ်ယောက် သွားပြီ ဆိုရင် ကျနော့်မိန်းမ အရင်ဆုံး ဘာလုပ်တယ်ထင်လဲ,,, ယောကျာၤးလက်ကိုဆွဲပြီး ဘူဖေးခင်း ထားတဲ့ ဟင်းပွဲခုံတွေဆီ အရင်သွားတယ်,, 'စားကြမယ် တီးကြမယ် ဗိုက်ဆာပြီတဲ့' အော် ခက် ချေပြီ,,,, ဒီမိန်းမနှယ့် ,, ဟိုမှာ (အချို့) စပ်စလူးအချပ်ပိုတွေလို 'ဘယ်သူရှိတဲ့ ဘယ်ဝိုင်း မှာ ဘာစကားတွေ ပြောပြီး ဘယ်လိုရင်းနှီးမှုလုပ်မယ် မစဉ်းစားဘူး' ' ဗိုက်ဆာပြီ ' တဲ့,, အရိပ်မည်းကြီးတွေ ကျောပိုးပြီးဇွတ်ပြုံးရတဲ့ အထက်တန်းလွှာ ဒင်နာတွေ သွားပြီဆိုရင်လဲ,,, စားပွဲဝိုင်းမှာ ဂရပ်ဖစ်အတက်အကျတွေနဲ့ သူများတွေ မြောင်းတူးရေပေး သချာၤဂြိုလ်တုတွေ လွှတ်နေချိန်မှာ ကျနော့်မိန်းမ ဘာဝင်ပြောလိုက်တယ် ထင်လဲ,,,, ' အိမ်မှာ ကြောင်လေး တွေ မွေးထားတာ ဆယ့်တစ်ကောင်ရှိတယ်တဲ့ ' ,, ကဲ မခက်ချေဘူးလား ,,, သမီးနှစ် ကောင်မွေးလာပြီ စီးပွားရေး လုပ်မဟဲ့ ဆိုပြီး ကျနော်ခရီးတွေသွားတယ် ,, ဟိုလူတွေ့ ဒီလူ တွေ့ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ရိုးရိုးသားသား သမ္မာအာဇီဝ ဖြတ်လမ်းတွေ လိုက်ရှာတယ်,, အိမ်ပြန်ရောက်တော့ ကျနော့်ကိုလှမ်းပြောတယ်,, ' အခုဘဝလေးကပြည့်စုံနေပြီ ကျိကျိတက် ကြီး မချမ်းသာချင်ဘူး ' တဲ့,, အော် နောက်တစ်ခါ ခက်ချေပြန်ပြီ,, အနုပညာအလုပ်တွေ ရပ် သွားပါစေ ယောကျာၤးကိုထိရင် ဘယ်ဇာတ်တူသား အထီးအမကိုမှ သောက်ဖက်မလုပ်တဲ့ ကျနော့်မိန်းမ,, ကျနော့်ပတ်ဝန်းကျင် ဘယ်သူ့ကို ကျနော် ဘာအကူညီပေးပေး သဘောတူတဲ့ အပြုံးနဲ့ ကျနော့်မိန်းမ,, ကိုယ့်ကိုစော်ကားလို့ ကျနော်ခိုက်ရန် သွားဖြစ်တော့မယ်ဆိုရင်တောင် လက်မထောင်ပြီး ကျန်ခဲ့တဲ့ မိန်းမ,,, အေးပါဟယ် နင့်ရဲ့ ဖြူလွန်းလှတဲ့ (ချစ်လွန်း၍ပြောသည်) အဲဒီ သောက်ကျင့်တွေကို ငါမှီနိုင်အောင်ကြိုးစားပါ့မယ်,,, ဘယ်အဝေးမှမသွားတဲ့ နင့်ရဲ့ အနီးအနားက လင်တော်မောင် ညည်းယောကျာၤး လင်းလင်း " ဆိုပြီး ချစ်ဇနီးလေးကို အပြတ် ချုပ်လိုက်ပါပြီ ပရိသတ်ကြီးရေ။

Photo - Htwe Lynn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။