မြန်မာနိုင်ငံရဲ့ အလှအပရေးရာ Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ နိုင်ငံကျော်အနုပညာရှင် တစ်ယောက်ဖြစ်ပေမဲ့လည်း လူငယ်ပီပီ လွတ်လွတ်လပ်လပ် နေထိုင်သွားလာတတ်သလို အားလုံးကစိတ်ဝင်စားကြတဲ့ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်လို့လည်း ဖုံးကွယ်ထားခြင်းမရှိပဲ အမြဲ ပွင့်လင်း ချပြတတ်သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်တပတ်လောက်ကမှ သူမချစ်သူနဲ့ ပတ်သက်လို့ အင်တာဂရမ်မှာ တရားဝင်ပုံလေးတွေ ချပြပြီး အလင်းပြခဲ့သလို သူမ အချစ်ရေးနဲ့ ပတ်သက်တဲ့ အားလုံးက မေးခွန်းထုတ်ကြတဲ့အပေါ် ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့ပါတယ်။




သူမ ချစ်သူနဲ့ တွေ့တာ မကြာသေးပေမဲ့လည်း နားလည်မှု ရှိရှိနဲ့ ခိုင်မြဲနေတာကြောင့် အဆင်ပြေနေတယ် ခံစားရတယ်လို့ ဆိုခဲ့ပါတယ်။ ခုတွေ့ ခုကြိုက် ပုံစံမျိုးနဲ့ မြန်မြန်ချစ်ခဲ့ကြပေမဲ့လည်း ခုချိန်မှာတော့ တစ်ယောက်အကြောင်း တစ်ယောက် နားလည်လို့ အချစ်ရေးကတော့ တည်ငြိမ်နေပါပြီ ဖြစ်သလို သူမထက် ငယ်ရွယ်ပေးမဲ့လည်း စိတ်ကောက်တိုင်း အမြဲတမ်းအလျော့ပေးချစ်တဲ့ သူကို ပိုင်ဆိုင်ထားတယ်လို့လည်း ဖွင့်ဟခဲ့ပါသေးတယ်။



လက်ရှိမှာတော့ ကောလဟာလ တချို့ထွက်ရှိနေပြီး မန္တလေးသားဖြစ်တဲ့ နေခြည်ဦး ရဲ့ လက်ရှိချစ်သူဟာ တချိန်က နေခြည်ရဲ့ သူငယ်ချင်းမလေး ဖြစ်တဲ့ လေယာဉ်မယ်လေး ရဲ့ ချစ်သူဖြစ်တယ်လို့ ဆိုနေကြပါတယ်။ မန္တလေးကို အလည်သွားရင်း တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းရဲ့ ချစ်သူကို စနိုက်ကျော်တယ် လို့ ကောလဟာလ တချို့ထွက်ရှိနေပေမဲ့လည်း လက်ရှိမှာတော့ နေခြည်ဦးကတော့ သူမရဲ့ အချစ်ရေးကောလဟာလနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်းခြင်း မပြုသေးသလို ဒီအကြောင်းအရာနဲ့ ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။
SOURCE: beautyby naychi photo & media photo ;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။