လတ်တလော အနုပညာလောကကို ရိုက်ခတ်နေတာက မူးယစ်ဆေးဝါးအမှုတွေပါ ။ အဆိုတော် ရွှေထိုက်ကစ ရသ ပြီးနောက်မှာ ဒါရိုက်တာ မိုက်တီး ထိ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိလို့ ထိန်းသိမ်းခံခဲ့ကြရပါတယ် ။ ကျော်ကြားလူသိများသူတွေဖြစ်တဲ့အတွက် ပရိိတ်သတ်တွေကြားမှာလည်း ဒီအမှုတွေက စိတ်ဝင်စားစရာ အမှုတွေဖြစ်လို့နေပါတယ် ။ မကြာသေးခင်ကမှ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ ဒါရိုက်တာကိုမိုက်တီးရဲ့ ညီမဖြစ်သူ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ညီအမက သူ့တို့အကိုအတွက် စိတ်သောကတွေကြောင့် စီစဉ်ထားပြီးသားအလှုကို ဆက်လက်လုပ်ခဲ့ရပေမယ့် မျက်ရည်စက်လက်လှုခဲ့ရတယ်လို့ ရင်ဖွင့်ပြောကြားထားခဲ့သလို အခြားသော ကိုမိုက်တီးနဲ့ ရင်းနှီးတဲ့ ကိုမိုက်တီးအကြောင်းကောင်းကောင်းသိတဲ့ ခင်မင်ရင်းနှီးသူတွေက နှမျောတသဖြစ်နေရပါတယ် ။

ပရဟိတမင်းသားကြီး ဦးကျော်သူရဲ့ ပါရမီဖြည့်ဘက်ဖြစ်တဲ့ ဒေါ်ရွှေဇီးကွက်ကလည်း

" ကိုမိုက်ရယ် မိုက်လိုက်တာကွယ်။ ကိုယ့်ကို အပြစ်မရှိ အပြစ်ရှာနေကြမည့် အချိန်မှာတော့ ရှောင်သင့်တာပေါ့။

ဒါပေမဲ့ ပြည်သူဘက်က အမြဲရပ်တည်နေတဲ့ကိုမိုက်ရဲ့ အခုလုပ်ရပ်ကလည်း သူများအပေါ်ယုတ်မာတာမဟုတ်တာမို့ ကျမတို့ကတော့ ချစ်ခင်နေဆဲပါလေ။ ကံကောင်းပါစေ။

ရောင်းဝယ်ဖောက်ကားနေတဲ့ လက်ကြီးသမားပင်ရင်းတွေကိုဖြိုနိုင်မှ မြန်မာပြည်သူတွေရဲ့ဘဝ ရင်အေးရမှာပါ။ " လို့ ခင်ပွန်းသည်ဖြစ်သူ ဦးကျော်သူနဲ့ နာရေးကူညီမှုအသင်းမှာ ပြည်သူတွေရဲ့ အကျိုးကို အားတတ်သရော ၀ုိင်းဝန်း ဆောင်ရွက်ပေးနေတဲ့ ဒေါ်ရွှေဇီးကွက် ( ခေါ် ) ဒေါ်မြင့်မြင့်ခင်ဖေက ယူကြုံးမရဆိုခဲ့တာပါ ။

ဒါရိုက်တာမိုက်တီးကလည်း အနုပညာမှာရော နိုင်ငံရေးမှာပါ သူစွမ်းတဲ့ဘက်က အမာခံပါ၀င်ကြိုးပမ်းခဲ့သူမို့ မိတ်ဆွေတွေရဲ့ ချစ်ခင်မှုကို ခံယူရသူတစ်ဦး ဒီလို အဖြစ်မျိုးကြံုရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Daw Myint Myint Khin Pe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။