ပရိသတ်ကြီးရေ လတ်တလောမှာ အနုပညာလောကမှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်စုံတွဲလေးကတော့ မင်းသား သူရိယနဲ့ မင်းသမီးလေး ဆုအိမ့်စံတို့အတွဲပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အလွန်ပင် ရှေ့သွားနောက်လိုက်ညီတာကြောင့် ပရိသတ်တွေရဲ့အချစ်ကိုလည်း ခံယူရရှိထားကြပါတယ်။ အမြဲလိုလို ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံလေးတွေကို ဝေမျှလေ့ရှိပြီး အခုလည်း ဖက်ရှင်ကျကျ ပွဲတက်လာတဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို အသစ်တင်ထားတာ တွေ့ရပါတယ်။

အနက်ရောင်နဲ့ အစိမ်းရောင်ပွဲတက်ဝတ်စုံလေးတွေကို ဝတ်ဆင်ထားတဲ့ သူတို့စုံတွဲလေးဟာ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်လောက်အောင် ပေါ်လွင်လိုက်ဖက်နေတာ ဖြစ်ပါတယ်။သူရိယကလည်း အနောက်တိုင်းဝတ်စုံလေးနဲ့ တော်ဝင်မင်းသားလေးလို ခန့်ညားနေပြီး မင်းသမီးလေး ဆုအိမ့်စံကတော့ ရွှေမင်းသမီးလေးတစ်ပါးလို တင့်တယ်လှပနေတာကို မြင်တွေ့ရပါတယ်။ သူတို့နှစ်ဦးအတူ တက်ရောက်ခဲ့တဲ့ပွဲလေးကတော့ သြဂုတ်လ ၁၆ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ "JOOX Application" ရဲ့ Influencer Night Dinner Event လေး ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ Official Page ကနေ ''ပရိသတ်တွေအတွက် နှစ်ယောက် ပွဲတက် ပုံလေးတွေတင်ပေးလိုက်တယ်နော်.''ဆိုတဲ့စာသားလေးနဲ့ စုံတွဲပုံလေးတွေကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။နှစ်ယောက်လုံးရဲ့ပွဲတက်ဝတ်စုံကိုတော့ Designer TB Seng က စီစဉ်ချုပ်လုပ်ပေးထားပြီး လက်ဝတ်ရတနာ ကိုတော့ ''ဝိန့်စိန်'' ရတနာဆိုင်က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း သူရိယနဲ့ဆုအိမ့်စံတို့ရဲ့ ကြည်နူးအားကျချင်စရာကောင်းနေတဲ့ ပွဲတက်ပုံရိပ်လေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: ThuRiya & Hsu Eaint San;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။