ချစ်စရာကောင်းတဲ့ ဖိုက်တင်မင်းသမီးလေး ယဉ်လတ်တစ်ယောက် ပရိသတ်တွေ သို့သော သို့လောဖြစ်စေတဲ့ ပုံရိပ်တစ်ခုကို တင်လိုက်တာပဲ ဖြစ်ပါတယ်။ အပြုံးလေးတွေက ချစ်စရာ ကောင်းပြီး သူမရဲ့ စကားပြောပုံ အင်တာဗျူးဖြေတဲ့ ပုံစံလေးတွေ ကြောင့် ပရိသတ်တွေရဲ့ အချစ် တော် လေးတစ်ဦး ဖြစ်လို့နေပါတယ်။ ဖိုက်တင်မင်းသမီးလေး ဖြစ်ပြီး သူမက ပန်းချီဆွဲရတာ လည်း ဝါသနာပါသူတစ်ဦးပါပဲ။
အနုပညာအလုပ်တွေကို မအားမလပ်အောင် လုပ်နေရတာမို့ ပန်းချီဖက်ကို အချိန်မပေးနိုင်ပဲ သူမရဲ့ပန်းချီကားတွေကို အဘွားဖြစ်သူရဲ့အိမ်မှာ သွားထားခဲ့ရတယ်လို့ဆို ပါတယ်။ ရိုက် ကွင်းပေါ်က ပုံရိပ်ဖြစ်ဖို့များတဲ့ ဒီစုံတွဲပုံရိပ်လေးမှာတော့ အမျိုးသားဟာ ဘယ်သူဘယ်ဝါ ဆို တာ မသိရသေးပါဘူး။ အချိန်တိုင်းမှာ ချစ်စရာကောင်း လွန်းတဲ့ ယဉ်လတ်တစ်ယောက် ဒီတစ်ခေါက်မှာလည်း အပြုံးလေးတွေက ချိုလို့နေပါတယ်။
နော်ပဲလှော်ဇာတ်ကား နဲ့ သူမကိုပရိသတ်တွေက စတင် သတိထားမိတာ ဖြစ်ပြီး လက်ရှိ မှာတော့ ခင်လေးဆိုတဲ့ ပရိသတ်ပေးတဲ့နာမည်လေးကို သူမကအမြတ်တနိုးသုံးစွဲနေတာ ပဲဖြစ်ပါတယ်။ သူမရဲ့စုံတွဲပုံရိပ်လေးကို " Believe it or not " ဆိုပြီး တင်လိုက်တာပဲ ဖြစ်ပါ တယ်။ ပရိသတ်တွေကတော့ ယုံရခက် မယုံရခက်နဲ့ပဲ ယဉ်လတ်ကို အသည်းတွေယားနေ ကြပါတယ်။
Photo - Yin Lat
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။