ပရိသတ်တွေအမြဲအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော်ရွှေထူးနဲ့ ယမင်းဦး(ပန်ကိတ်ဒါဒါ) တို့ ချစ်သူစုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

ပြီးခဲ့တဲ့လပိုင်းလောက်ကတော့ ချစ်သူနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေးကို ရွှေထူးက ပရိသတ်တွေအသိပေးပြောပြခဲ့ပြီး သူတို့ချစ်သူနှစ်ဦးလမ်းခွဲလိုက်တဲ့သတင်းတွေကြောင့်လည်း ပရိသတ်တော်တော်များများကလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်..။

အဆိုတော်ရွှေထူးရဲ့ အချစ်ရေးလေးကတော့ လတ်တလော လူမှုကွန်ယက် ပရိသတ်တွေကြားအရမ်းကို ရေပန်းစားနေပြီး မင်းသမီးရွှေမှုံရတီနဲ့တွဲနေတယ်ဆိုပြီး ကောလဟာလသတင်းတွေလည်း သြဂုတ်လ(၁၃)ရက်နေ့ ညပိုင်းလောက်စတင်ပြီး ထွက်ပေါ်လာပါတယ်..။

အဆိုပါသတင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ယက်ပရိသတ်တွေကြား အရမ်းကိုဟော့ဖြစ်နေပြီး ပရိသတ်တွေအများစုရဲ့ စိတ်ဝင်စားစောင့်ကြည့်မှုတွေကို အများဆုံးခံနေရတာလည်း တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ လပိုင်းကတည်းက လမ်းခွဲလိုက်ပြီဖြစ်ပေမယ့်လည်း ပန်ကိတ်လေးကတော့ ရွှေထူးနဲ့ သူမတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း သူမရဲ့အင်စတာဂရမ်အကောင့်မှာ ဆက်လက်သိမ်းထားဆဲပါပဲ..။

သြစတေးလျမှာ ကျောင်းတတ်နေတဲ့ ပန်ကိတ်နဲ့ ရွှေထူးတို့ ချစ်သူစုံလေးကတော့ LDRS ချစ်သူတွေဖြစ်ကြသလို ချစ်သူသက်တမ်း(၆)နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ဆယ်လီစုံတွဲလေး တစ်တွဲပဲ ဖြစ်ပါတယ်..။

Photo - ပန်ကိတ် အင်စတာဂရမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။