မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် Band တစ်ခုဖြစ်သလို ပရိသတ်အများစုရဲ့ လေးစားချစ်ခင်မှုကို ရရှိထားတဲ့အဖွဲ့တွေထဲမှာ ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး လူငယ်ပရိသတ်အများပြားရဲ့ Idol တစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူး ။

လတ်တလောမှာတော့ Cherry FM ၉ နှစ်ပြည့်အတွက် ဟန်ထူးလွင်က သူတို့အဖွဲ့ဖြစ်တဲ့ Big Bag ရဲ့ သီချင်း EVE ထွက်ရှိလာပါပြီ ။ ဒီသီချင်းလေးကို ကိုဘုန်းကျော်က ရေးသား ပေးထားတာ ဖြစ်ပြီး သီချင်းစာသားလေးတွေက Big Bag ရဲ့ထုံးစံအတိုင်း လူငယ်တွေရင်ကို ထိမှန်စေမယ့် သီချင်းကောင်းလေး တစ်ပုဒ်ပါဘဲ ပရိသတ်ကြီးရေ .. ။ သူ့ရဲ့ဖန်တွေကတော့ ဆရာကျား piano လေးတီးပြီးတင်ကတည်းက စောင့်နေရတဲ့ သီချင်းလေး ထွက်လာလို့ အရမ်းကိုပျော်ပါတယ်လို့ မှတ်ချက်ပေးနေကြပါတယ် ။

ကိုကျားကို ချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း သူ့ရဲ့သီချင်းအသစ်လေးဖြစ်တဲ့ EVE ကို နားထောင်ရင်း နှစ်သက် သဘောကျလိမ့်မယ်လို့ထင်ပါတယ် ။ သူ့ကိုချစ်ခင် ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် သူ့ရဲ့သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Big Bag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။